Book. : 4
Chapter. : 46 + 47
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၄ ၊ အခန်း ၄၆ : ဖြူကောင်ကြီးက အရမ်းချစ်ဖို့ကောင်းတယ်
ပစ်မှတ်ကို တွေ့လိုက်မိသည်နှင့် ။ မျက်ဝန်းတို့ ရွှန်းလဲ့သွားတော့သည် ရီဝမ်ဝမ် ။ ချက်ချင်းဆိုသလိုပင် အသားခြောက်တွေနဲ့အတူ သုတ်သုတ် သုတ်သုတ် ပြေးသွားလေတော့ပြီ ။
သူမလေး လှေကားထစ်အတိုင်း ဆင်းလာနေချိန် ။ ကော်ဇောပ်ါမှာ လဲလျောင်းနေပါသည့် ကျားဖြူကြီး ။ချက်ချင်းဆိုသလိုပင် နားရွက်တို့ လှုပ်ခတ်သွားပြီး သူ့ရဲ့အပြာရောင်မျက်လုံးအိမ်မှ မျက်လုံးနှစ်လုံး သည်လည်း သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ပွင့်လာချေပြီ ။
စိုက်ကြည့်လို့လာပါသည့် မျက်ဝန်းတစ်စုံတွင်ကား ။ စိတ်ညစ်ညူးသွားလေဟန် ။ ကျေးဇူးတင်စရာကောင်းသွားသည်က ။
သူမလေးအဖို့ ဒါကို အရင်ဘ၀တုန်းက တွေ့ကြုံထားခဲ့ဖူးသည်မို့သာ ။ သူမလေးသည် ဤကျားဖြူကြီးကို အရမ်းကောင်းကောင်း နားလည်သလို အရမ်းကောင်းကောင်းသိသူမို့သာ ။
၎င်းသည် ပင်ကိုယ်ဗီဇအတိုင်း အလွန်အမင်းရက်စက်တဲ့ကောင်ကြီး ဖြစ်နေပါသော်ငြား တစ်ချို့နေရာတွင်တော့ လူတစ်ယောက်အလား ပြုမူတတ်သေးခြင်းတည်း ။
ညနေတုန်းက စီရီဟန်သည် သူမနှင့်အပြန်အလှန် ဆက်ဆံပြောဆိုခဲ့ သည်မို့ ။ သူမသည် သူတို့လူတွေထဲက တစ်ယောက်အဖြစ် အသိအမှတ်ပြုလို့ရနေပြီ ဖြစ်လေရာ ။
၎င်းသည် ဘယ်မျှလောက်ပင် ရက်စက်ကြမ်းကြုတ်ပါစေ ။
သူမကိုတော့ ဘယ်တော့မှအန္တရာယ်ပြုလိမ့်မည် မဟုတ်ပါချေ ။
ကျားကောင်ကြီးရဲ့ကြောက်စရာကောင်းလှသည့် အကြည့်အောက်မှာပင် ရှေ့သို့ ဆက်တိုးလာပါသည့် ရီဝမ်ဝမ် ။ သူမ ပိုပိုနီးကပ်သည်နှင့်အမျှ သားရဲကောင်ကြီးရဲ့မျက်လုံးထဲက ရန်လိုမှုတို့နှင့် သတိထားနေမှုတို့ပါ တိုးမြင့်လာခြင်းကို သူမ ခံစားမလို့နေသည်မို့ ။
ВЫ ЧИТАЕТЕ
Любовные романы"ဒီလူ၊ သူ့အကြိုက်က ဘယ်လောက်တောင် လေးနက်နေရတာလဲ။ စားနိုင်သေးတုန်းပဲလား" နိုးလာသည်နှင့် ရှုပ်ပွနေသောဆံပင်၊ တက်တူးနှင့် ဒီမွန်း သဖွယ် မျက်နှာရှိနေသည့် သူမ၏ အသွင်အပြင်ကို မှန်တွင်ကြည့်လိုက်မိ၏။ တစ်စက္ကန့်ထက် ပိုသာ၍ သူမကို ကြည့်မိပါက သင်တို့ မျက်စိစပ်သွာ...