အခန်း ၁၅ : အိပ်မပျော်ခြင်း ရောဂါ
" ကောင်းပြီ " ရီဝမ်ဝမ် ပြောကာ ဖုန်းချလိုက်ခြင်းပင်။
ဒီဘ၀မှာ သူမ ရှန်းမန်ချီကို လက်စားချေချင်နေပါသော်လည်း လုပ်မိပါက တစ်ယောက်သောသူကိုပါ နာကျင်အောင် လုပ်မိခြင်းနှင့် အတူတူ။ သူမရဲ့ အသုံးမကျလှတဲ့အစ်ကိုကား ရှန်းမန်ချီ၏လက်ထဲတွင် ရှိနေရကား အလျင်စလိုလုပ်မိလျှင် သူမနှင့် သူမအစ်ကိုကြား ဆက်ဆံရေးကိုပါ ပိုဆိုးသွားစေလိမ့်မည်။
သူမအနေဖြင့် အခွင့်ကောင်းအခါကောင်းကို စောင့်နေရန်သာ တတ်နိုင်ခြင်းပင်။
အပေါ်ဆုံးထပ်က နှစ်ယောက်အိပ်ခန်းတွင် :
ရီဝမ်ဝမ် ထွက်သွားသည်နှင့် ဆရာဝန်လည်း အခန်းထဲ ပြန်ဝင်လာကာ
" သခင်လေး ၉ ၊ အခုပဲ စကြတော့မလား? "
စီရီကား အတွေးထဲ နစ်မြုပ်နေဟန်။ ဆရာဝန် ပြောတာကို ကြားဟန်မတူသော်ငြား သူ့ရဲ့လက်ကို မြှောက်ပြလိုက်သည်။
စိတ်ပညာရှင်လည်း ဂီတကို ဖွင့်၊ အထူးစပါယ်ရှယ် အမွှေးတိုင်ကို ထွန်းလိုက်ပြီးနောက် ကုသမှုအစီအစဉ်ကို စတင်လိုက်ပါ၏ ။
နာရီဝက်အကြာ........
တစ်နာရီအကြာ.........
နှစ်နာရီအကြာ..........
ကုသမှု ကျရှုံးသွားခြင်းပင်။
စိတ်ပညာရှင် မိုရွှမ်။
သူကား မရေတွက်နိုင်အောင် ရှုပ်ထွေး ခက်ခဲလှသည့် ရောဂါများစွာကို ကုသနိုင်ခဲ့သူ။
ထိပ်တန်းအကြံပေး ဆေးပညာရှင်နှင့် စိတ်ပညာဆရာဝန်အဖြစ်
ကမ္ဘာ့နံပတ် ၁ ဖိုက်တာ " ညဥ့်နက်ဘုရင်များ " အဖွဲ့၏ ငှားရမ်းခြင်းကို ခံခဲ့ရသူ။
ထိုသို့သောသူ ဖြစ်ပါသော်ငြား ယခုအကြိမ်တွင် သူ၏ပညာကို အကြိမ်သန်းပေါင်းစွာပင် မေးခွန်းထုတ်မိလာရခြင်းပင်။
သူ စီရီဟန်ကို ကုသသည့်အချိန်တိုင်း သူကိုယ်တိုင်ပင် စိတ်ဓာတ်ကျချင်သလို ခံစားရပါ၏ ။
စီရီဟန် အဲဒီမိန်းမနဲ့ အတူရှိတိုင်း၊ ဒါမှမဟုတ် သူမ ထွက်ပြေးတိုင်း သို့တည်းမဟုတ် သူ့ကို အတိုက်အခံလုပ်တိုင်း သူ၏အိပ်မပျော်မှုအနုပညာသည် ပိုပြင်းထန်လာသည်ချည်း။
ВЫ ЧИТАЕТЕ
Любовные романы"ဒီလူ၊ သူ့အကြိုက်က ဘယ်လောက်တောင် လေးနက်နေရတာလဲ။ စားနိုင်သေးတုန်းပဲလား" နိုးလာသည်နှင့် ရှုပ်ပွနေသောဆံပင်၊ တက်တူးနှင့် ဒီမွန်း သဖွယ် မျက်နှာရှိနေသည့် သူမ၏ အသွင်အပြင်ကို မှန်တွင်ကြည့်လိုက်မိ၏။ တစ်စက္ကန့်ထက် ပိုသာ၍ သူမကို ကြည့်မိပါက သင်တို့ မျက်စိစပ်သွာ...