Chapter. : 85 + 86
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
အခန်း ၈၅ : သူ့ဆီကနေ အကျိုးကျေးဇူးတွေ ခံစားနေရ
ရှန်းမန်ချီ ။ ရီဝမ်ဝမ် အစ်ကို ၏ လောင်းကစားဝါသနာပါခြင်းကို
လွှတ်ခနဲ ပြောထွက်မိသွားသယောင် ဆောင်လိုက်သော်လည်း သူမရဲ့လေသံကာလာသည်ကား အထက်စီးဆန်လို့နေချေ၏ ။
ဒါကို ကြားလိုက်သည့်အချိန် ။ ရီဝမ်ဝမ်ရဲ့နှလုံးသားထဲတွင်
သွေးတွေ ထိုးတက်လာပြီး သူမ၏လည်ချောင်းအိမ်ထဲ
အစိုင်အခဲကြီး ဖွဲ့တည်သွားရပြီ ။
အရင်တုန်းကဆိုလျှင် ရှန်းဟုန်ပင်းသည် သူမအဖေရဲ့ ခြေနင်းဖက်မျှ သာ ။ သို့ရာတွင် ယခုမူကား သူမရဲ့ဂုဏ်ယူစရာကောင်းသည့်အစ်ကို သည် ရှန်းမိသားစု၏ကျွန်အဖြစ် အဆင့်လျှောကျခြင်း ခံခဲ့ရချေပြီ !
သူကတော့ အချစ်အတွက်ဖြင့် သူ့ကိုယ်သူ ကိုယ်ကျိုးစွန့်အနစ်နာ ခံပေးနေသည့် အချစ်သူရဲကောင်းကြီးဟုသာ ထင်မှတ်လို့နေရင်း ။ ရှန်းမိသားစုအတွက် ကိုယ်စွမ်းကိုယ်စ အကုန်ထုတ်ကြိုးပမ်းပေးကာ သူတို့အတွက် နာမည်ကျော်အနုပညာရှင် အဖွဲ့ကြီးအဖွဲ့ကြီးတွေကို ကူညီမွေးထုတ်ပေးနေခဲ့၏ ။
စီရီဟန်ဆီက ရခဲ့သည့် အကျိုးအမြတ်တို့ကြောင့် ။
A စာရင်းဝင် ၊ ဒါရိုက်တာ ကျန်းယန်ရန် ကြောင့် ။
စတိုင် အကြံပေးမှာ ' စတိုင်လ် နတ်ဘုရား ' လို့ လူသိများသည့် ကမ္ဘာကျော် သူမရဲ့အစ်ကိုဆီမှ ရခဲ့သည့် အကျိုးအမြတ်ကြောင့် ။
ရှန်းမိသားစု၏ကုမ္ပဏီသည် တရိပ်ရိပ် ထိုးတက်လာခဲ့ရသည် ။
နောင်အနာဂတ် ၇ နှစ် အတွင်းတွင် သူတို့ရဲ့ဂုဏ်ထူးရာထူးကို အနုပညာလုပ်ငန်းတို့ ပိုင်ဆိုင်ထားသည့် ရီမိသားစုကတောင် ထိန်းပေးထားခဲ့ရသည်ပင်။
YOU ARE READING
Romance"ဒီလူ၊ သူ့အကြိုက်က ဘယ်လောက်တောင် လေးနက်နေရတာလဲ။ စားနိုင်သေးတုန်းပဲလား" နိုးလာသည်နှင့် ရှုပ်ပွနေသောဆံပင်၊ တက်တူးနှင့် ဒီမွန်း သဖွယ် မျက်နှာရှိနေသည့် သူမ၏ အသွင်အပြင်ကို မှန်တွင်ကြည့်လိုက်မိ၏။ တစ်စက္ကန့်ထက် ပိုသာ၍ သူမကို ကြည့်မိပါက သင်တို့ မျက်စိစပ်သွာ...