စာစဉ် ၄ ( ၄၈ )
16.1K 1.8K 11
Book. : 4
Chapter. : 48
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၄ ၊ အခန်း ၄၈ : ဒီလိုမျိုးညစာအလကားဆိုတာ မရှိဘူး
နောက်တစ်နေ့မနက်ခင်း :
အတန်းဆီကို မသွားသေးခင် ။ ရီဝမ်ဝမ် ။
သူမအဆောင်သို့ သွားလိုက်ပါ၏ ။
သူမသော့တွေကို မထုတ်ရသေးခင်မှာပင် ။ တံခါးပွင့်လာပြီး ။
" ၀မ်ဝမ် ၊ နင် ပြန်လာပြီ ! "
ပျော်ရွှင်ဝမ်းသာစွာဖြင့် တံခါးတွင်ရပ်နေသည့် ကျန်းယန်ရန်ပါတည်း ။ သူမသည် ရီဝမ်ဝမ်ရဲ့ခြေလှမ်းသံတွေကို ကြားလိုက်မိခြင်း ဖြစ်ပေလိမ့်မည် ။
ရီဝမ်ဝမ်သည် တစ်ယောက်ထီးတည်းသာ နေနေခဲ့သည်မို့ ။ ရုတ်တရက်ကြီး သူမအတွက် တံခါးလာဖွင့်ပေးလာခြင်းကြောင့် အံ့ဩသွားမိတော့ရင်း ။
" အင်း ! ငါ့ကို ပြောပြပါဦး ။ မနေ့ညက ဒိတ်အခြေအနေ ဘယ်လိုနေလဲ ? " ရီဝမ်ဝမ်ကား ကိုယ့်ဘာကိုယ် အဖြေ ရှာတွေ့လာသည်အထိပင် မစောင့်နိုင်တော့ခြင်းတည်းပင်။
တွန့်ဆုတ်တွန့်ဆုတ်လုပ်ကာသာဖြင့် ပြန်ဖြေလာပါတော့သည့် ကျန်းယန်ရန် ။ " ငါ ချူဖုန်းကို အမှန်အတိုင်း ပြောပြလိုက်တယ် "
" သူ့ကို အပြင်မှာတွေ့ဖို့ ပြောခဲ့တာက နင့်အကြံပါလို့ ပြောပြလိုက်တယ် ။ အစတုန်းကတော့ ငါ စုန့်ကျီဟန်ကို ရန်စဖို့အတွက် နည်းနည်းလေးပဲဖြစ်ဖြစ် များများပဲဖြစ်ဖြစ် ငါ သူ့ကို အသုံးချချင်ခဲ့မိတာ ပါ ။ ဒါပေမယ့် နောက်ဆုံးကျတော့ ငါ မလုပ်နိုင်တော့တာနဲ့ သူ့ကို အကုန်ဖွင့်ပြောပြလိုက်တယ် ။ ငါ့ရဲ့လက်ရှိအခြေအနေနဲ့ ငါ ဒီလောက် မြန်မြန်ကြီး ရည်းစားထားနိုင်မှာမဟုတ်ဘူး ။ ဒါက သူ့အတွက်လည်း မတရားဘူးလေနော် " ကျန်ယန်ရန် ပြန်ဖြေလာသည်တည့် ။
" ဟုတ်ပါပြီ... " ရီဝမ်ဝမ် သက်ပြင်းသာ ချလိုက်မိပါတော့၏ ။