အခန်း ၈၇ + ၈၈
16.8K 2.2K 66
Chapter. : 87 + 88
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
အခန်း ၈၇ : ရီဝမ်ဝမ်ကို လိုက်နေတဲ့ ကောင်လေး
အဲဒီနောက် ။ ရွှီရီ ။ ရီဝမ်ဝမ်ကို စစ်ဆေးဖို့ရာ တစ်ယောက်ကို
အမြန်ပင် စေလွှတ်လိုက်တော့၏ ။
သိပ်မကြာခင်မှာပင် ။ စုံစမ်းစစ်ဆေးခဲ့ပြီးချေပြီ ။
ရီဝမ်ဝမ်ကို ပေါ်တင်လိုက်နေသည့် ကောင်လေးတစ်ယောက် ကျောင်းမှာ တကယ်ရှိပါတယ်ခင်ဗျ ။ အဲဒီအကြောင်းကို တစ်ကျောင်းလုံးပဲ သိထားကြပါတယ် !
ရွှီ ရီ ။ အသက်ရှူရပ်တော့မတတ် ဖြစ်သွားရတော့၏ ။
ရီဝမ်ဝမ်က တကယ့်ကို ကပ်ရောဂါဆိုးကြီးပဲ ။
နောက်ဆက်တွဲကတော့ အရမ်းကြောက်စရာကြီး ဖြစ်တော့မယ် !
" ကျောင်းမှာ သခင်မလေး ရီ ကို ပေါ်တင်လိုက်နေတဲ့သူ ရှိတယ်တဲ့။ ဒေါက်တာ မို ။ ကျွန်တော်တို့တွေ သခင်လေး ၉ ကို ဒီအကြောင်း ပြောပြလို့ ဖြစ်ပါ့မလား ? "
ရွှီ ရီ ။ မှုန်သုန်နေသည့် မျက်နှာဖြင့် မေးလာခြင်း ။
ရီဝမ်ဝမ် တခြားယောက်ျားလေးတွေနဲ့ စကားပြောဆိုနေရင်တောင် သခင်လေး ၉ ဒေါသပေါက်ကွဲသွားတတ်တဲ့ဟာ ။ အခုတော့ ။
သူမကို လိုက်ရဲတဲ့သူပါ ရှိနေပြီ ။ သူ ဘယ်လိုလုပ်ပြီး ရီဝမ်ဝမ်ကို တစ်ယောက်တည်း လွတ်လွတ်လပ်လပ် သွားလာခိုင်းပါတော့မလဲ ? သူတို့နှစ်ယောက် ထပ်ပြီး ရန်ဖြစ်ကြဦးမယ်ဆိုရင်....
သူသည်ကား ဒီကိစ္စကို သခင်လေး မသိအောင်
လုံးဝ ထိန်ဝှက်ထားချင်နေခြင်း ။
မိုရွှမ်း တခနလောက် အမူအရာမဲ့သွားပြီး " မင်း သေချာရဲ့လား ? "
ရီဝမ်ဝမ်ရဲ့အပြင်အဆင်မျိုးနဲ့တောင် ကိုယ်စောင့်နတ်သားလေး တစ်ပါးရအောင် သူမက ဆွဲဆောင်နိုင်သေးတယ်တဲ့လား ?