အခန်း ၁၃ + ၁၄
22K 2K 40
အခန်း ၁၃ : ရှင်.... သေချာရဲ့လား
ရီဝမ်ဝမ်အတွက် စီရီဟန်၏ အိပ်ခန်းသို့ ပထမဆုံး ၀င်ဖူးခြင်း ဖြစ်သည်။
သူမ အထဲကို ၀င်လိုက်သည်နှင့် အမည်မသိတဲ့အားတစ်ခုက စိမ့်ဝင်လာ၏ ။
အခန်းက မှိုင်းညို့ညို့ဖြစ်နေပြီး နောက်ခံတီးလုံးသံသည် သာယာငြိမ့်ညောင်းစွာ ပေါ်ထွက်လို့နေသည်။ ခန်းဆီးတွေကို အလုံပိတ်ထားပြီး တစ်ခန်းလုံးကို အမှောင်ချထားသည်။
အခန်းထဲတွင် အရက်ပုလင်း များစွာ ရှိပါသည်။ အရက် မျိုးစုံကို အရက်စင်အကြီးကြီးထဲတွင် စီရရီ ထားထားသည်။
စီရီဟန်အပြင် တခြားတစ်ယောက်လည်း ရှိသည်ပင်။
စီရီဟန်၏ အိပ်မွေ့ချဆရာ၊ တစ်နည်းဆိုရသော် စိတ်ပညာဆရာဝန်ပင် ဖြစ်ပါ၏ ။
ကြည့်ရတာ စီရီဟန် အိပ်ဖို့ ပြင်နေပုံပဲ။
မြင်နေရတဲ့အတိုင်းဆို ခုလေးတင် အိပ်တော့မလို့နဲ့ တူတယ်......
မနေ့ညက သူနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့တာက
ပြီးခဲ့တဲ့ ၃ည လုံးလုံး မအိပ်ခဲ့ရလို့များလား?
ရီဝမ်ဝမ် ၀င်လာသည်နှင့် စိတ်ပညာဆရာလည်း ထွက်သွားတော့သည်။
စီရီဟန် ဘားဆီ လျှောက်သွားပြီး ထိုင်ကာ ၀ိုင်နီတစ်ခွက် ထည့်လိုက်သည်။ သူမကို နွေးနွေးထွေးထွေးကြည့်လိုက်ပြီး
" ဆက်ပြောပါဦး "
ရီဝမ်ဝမ် ပြောစရာစကားတို့ကို ကြိုတင်စီကုံးလာခဲ့ပြီဖြစ်၍ တုံ့ဆိုင်းခြင်းမရှိဘဲ လိုရင်းကို တဲ့ပြောလိုက်သည်။
" ကျွန်မတို့ရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပြောချင်လို့"
" ကိုယ်တို့ရဲ့ ဆက်ဆံရေး ? " ထိုအရှင်၏ မေးရိုးတို့ မြင့်တက်သွားကာ ခေါင်းစဉ်ကို စိတ်ဝင်စားသွားဟန်။
ရီဝမ်ဝမ် ခေါင်းငြိမ့်လိုက်ပြီး အလေးအနက် ပြောလိုက်သည်။
" ဟုတ်။ စီရီဟန် ၊ ကျွန်မတို့ရဲ့ လက်တလော ဆက်ဆံရေးနဲ့ ပတ်သက်လို့ ရှင် ဘယ်လိုမြင်လဲ? "