အခန်း ၄၈ + ၄၉
19.2K 2K 54
Chapter. : 48 + 49
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
အခန်း ၄၈ : သခင်လေး ၉ ......ချစ်သူ?
မိုရွှမ်း အတွေးတို့ ရပ်သွားရုံသာ ရှိသေး ။ လူသား၏ စိတ်ခံစားချက်တို့ ချို့ယွင်းနေသည့် ဂုဏ်သရေရှိ လူကြီးလူကောင်းကြီး ရယ်နေသည်ကို မြင်လိုက်ရစဉ်။
မည်းမှောင်ပြီး မကောင်းဆိုးဝားရယ် ရယ်နေတာ မဟုတ်သလို ရက်စက်ပြီး ကြောက်စရာကောင်းသည့် ရယ်သံလည်း မဟုတ်။ အင်မတိအင်မတန်ကို သမားရိုးကျ ဖြစ်လွန်းသည့် မယုံနိုင်ဖွယ် စိတ်လိုလက်ရ ရယ်ခြင်းသာ ဖြစ်ရကား မိုင်ပေါင်းထောင်ချီရှိသည့် ရေခဲတောင်ကြီးပင် ချက်ချင်း အရည်ပျော်ကျလုမတတ်။
ရေခဲတုံး စီရီဟန်ကြီးက အရမ်းကြည့်ကောင်းနေပြီးသားဆိုပေမယ့် အားလားလား သူပြုံးလိုက်တာလေးက ဂေးလေး ကျနေတာပဲ !
မိုရွှမ်းအပြင် အအံ့ဩဆုံးသောသူမှာ အဘွားအိုလည်း ဖြစ်ပါ၏။
အမျိုးသမီးအိုကြီးသည် ထိတ်လန့်သွားကာ သူမရဲ့မျက်ဝန်းတို့မှာ နီရဲလာပြီ။ ငါ ၉ လေး ရယ်တာကို မမြင်ရတာ အတော်.......
အတော်ကြီး ကြာပါပေါ့လား။
" ၉ လေး ၊ ဘာတွေများ ကြည့်နေတာတုန်း ? ဘာလို့ အာ့လောက် ပျော်နေတာလဲ ? " အမျိုးသမီးကြီးသည် စိတ်လှုပ်ရှားစွာဖြင့် သူမ မှားမြင်လိုက်တာ ဖြစ်မှာစိုးသဖွယ် ဂရုတစိုက် မေးလိုက်ခြင်း။
စီရီဟန်ရဲ့မျက်နှာကား နွေးထွေးနေဆဲ။ အသံသည်ကား ပိုလို့ပင် နူးညံ့လာကာ။ " ကျွန်တော့ချစ်သူဆီက စာ "
အမျိုးသမီးကြီး ပထမတော့ ဆွံ့အသွားပြီးမှ အံ့ဩသွားလျက်။
" ချစ်သူ ! ၉ လေး ၊ ချစ်သူ ရှိနေပြီလား ? မင့် ခါတိုင်းနဲ့မတူတာ ဒါကြောင့်ကိုး..... အံ့ဩစရာမရှိတော့ပါဘူးကွယ် !
မြေးလေး တကယ်ပဲ ချစ်တတ်သွားပြီပေါ့ ! ဘယ်လိုမိန်းကလေးလဲ ၊ အသက်ကရော ဘယ်လောက်လဲ ၊ ဘာအလုပ်လုပ်သလဲကွဲ့ ? သူမရဲ့ မိသားစုကရော ? အဲ သူမနာမည်ကရော ဘယ်လိုခေါ်သတုန်း ? "