အပိုင်း ၃ : ပြတ်သွားခဲ့တဲ့ ခင်ပွန်းလောင်း
27.9K 2.2K 10
ဤသုံးရက်အတွင်းတွင် ရီဝမ်ဝမ် ၊
အိပ်လိုက်၊ အရင်ဘ၀အကြောင်း စဉ်းစားလိုက်ဖြင့် သူမ၏အချိန်တို့ကို ကုန်လွန်စေခဲ့သည်။
စီရီဟန်သည်ကား ယခင်တုန်းကနှင့် ထူးမခြားနားပင်။ ဤသုံးရက်လုံး သူလုံးဝ ပေါ်မလာခဲ့ပါချေ။
အိမ်မှာရှိသည့် အစေခံတို့သည်လည်း သူတို့အလုပ် သူတို့ လုပ်ကြပြီး သူမအား စကားလာပြောသည်မှာ ခပ်ရှားရှားပင်။ သူတို့သည်ကား မျက်လုံးချင်းပင် မဆိုင်ဝံ့ကြပေ။
အိမ်သည် ကြီးမားလွန်းသော်ငြား
လှောင်အိမ်တစ်ခုသဖွယ်ပင် ဖြစ်လို့နေချေသည် ။
ရီဝမ်ဝမ် ညအိပ်ဝတ်စုံကို လဲလိုက်ကာ
အချိန်ကို ကြည့်လိုက်မိရာ ။
သူမ ချက်ချင်းပင် ခြံဝင်းထဲသို့ ထွက်လာခဲ့လိုက်သည်။
သိမ်မွေ့စွာတိုက်ခတ်နေသည့် လေညင်းလေးနှင့်အတူ လရောင်ဆမ်းထားသည့်ညချမ်းသည် လှပ၍နေပေသည်။
သူမ ပိတ်လှောင်ခံခဲ့ရသည့် လှောင်အိမ်ကြီးအပေါ် ကြောက်ရွံ့မှုတို့ပင် ပြယ်လွင့်သွားရလေသည်။
ဤဥယျာဉ်ကား အမှန်ပင် လှပပါသည်။
စီရီဟန်ကိုယ်တိုင် ဒီဇိုင်းဆွဲကာ ကမ္ဘာ့ထိပ်တန်းဗိသုကာ ပညာရှင်တို့ကို ငှားရမ်း၍ တည်ဆောက်ခဲ့ခြင်း ဖြစ်၏။
ဤဥယျာဉ်ကြီး ပြီးဆုံးရန် ၅နှစ်မျှ ကြာမြင့်ခဲ့၏။
ယခင်ဘ၀က သူမ ဤဥယျာဉ်ကြီးအား အသိအမှတ်မပြု မိခဲ့ခြင်းမှာ အလွန်တရာပင် သနားဖွယ်ကောင်းလေစွ။
သူမကို လှောင်အိမ်သဖွယ် အကျဉ်းချခဲ့သည့် ဤအိမ်ကြီးကို မုန်းတီးမှုကြောင့် ဤဥယျာဉ်ကိုလည်း ဖျက်ဆီးရန်သာ
သူမ သိခဲ့၏။
အရင်တုန်းက ဤဥယျာဉ်က မြက်ပင်လှလှလေးတွေကို မီးရှို့လောင်ကျွမ်းပစ်ခဲ့၏။
ပန်းဖူးတွေကို ရည်ရွယ်ချက်ရှိရှိ အကုန်ညှပ်ပစ်ကာ ရေကန်ထဲသို့ သောင်းပြောင်းရော၍ အကုန်ပစ်ထည့်ခဲ့သည်။
..............ထိုလက်ချက်အားလုံး သူမ လုပ်ခဲ့သည်ချည်းသာ။
"၀မ်ဝမ်"