အခန်း ၇၃ + ၇၄
18.7K 2.2K 31
Chapter. : 73 + 74
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
အခန်း ၇၃ : မြင်မြင်ချင်း အချစ်
သူ့အရှေ့မှ မိန်းကလေးသည် ပန်းရောင်ဝတ်စုံကို ၀တ်ဆင်ထားပါ၏ ။ပိတုန်းရောင် ဆံနွယ်ရှည်ရှည်လေးတွေ နှင့် နှင်းလို ဖြူဥလို့နေသည့် အသားအရေလေးဖြင့် ။ မျက်ဝန်း ။ အဲဒီ မျက်ဝန်းလေးတွေက...... ရေမှာ အရောင်ပြန်ဟပ်နေသည့် ကောင်းကင်ကြီးဆီက
ကြယ်လေးတွေထက်တောင် ပိုလို့တောက်ပနေလျက် ။ သူမလေး ကြည့်ရသည်မှာ ငိုထားလေဟန် ။ ထိုသို့ ဖြစ်နေပုံလေးသည်ပင် သူ့ရဲ့နှလုံးအိမ်ကို ဆွဲညှစ်လို့ နေပါ၏ ။
ကျောင်းရဲ့ အလှပဂေးလေး ချန်းရွှေသည် လှပလွန်းပါတယ်ဆိုလျှင် သူ့အရှေ့မှ ဒီမိန်းကလေးသည်ကား နတ်သက်ကြွေလာသည့် နတ်သမီးလေးတစ်ပါးသာ ဖြစ်ခြိမ့်မည်။
လင်းဒုံ ။ သူ့ရင်ဘတ်ကြီးတစ်ခုလုံး ဗြောင်းဆန်သွားတာကို ခံစားလိုက် ရပြီ ။ သူ့ရဲ့နှလုံးခုန်သံသည် အာရုံကြောတို့ စုံစည်းရာ သူ့ရဲ့ဦးနှောက် ထဲသို့ ဆက်တိုက်ဆိုသလိုပင် အချက်ပြနေသည်တည့်။
သူမနဲ့တွေ့လိုက်ရတိုင်း ကြက်သေ, သေသွားတတ်သည့် သူ့ရဲ့အမူအရာကို ရီဝမ်ဝမ် မြင်ဖူးနေကျ ဖြစ်ပါသော်ငြား ။
ဒီတစ်ခေါက် လင်းဒုံ၏အမူအရာမှာ တစ်ခုခု ထူးခြားလို့ နေပါ၏ ။
စစတွေ့ချင်း သရဲတစ်ကောင် မြင်လိုက်ရသလို တုန်လှုပ်သွားခဲ့သည့် လင်းဒုံ ။ ထို့နောက် သူ ကြည့်လာပြီး ။ သူ့ရဲ့ အကြည့်မှာ ထူးဆန်းလာပြီး ။ နောက်ဆုံးတွင်တော့ ဓာတ်လိုက်ခံရသည့်နှယ် သူမကို လွှတ်ပေးလိုက်သည်တည့်။ သူကား ရှက်ရွံ့နေပုံ ပေါ်သလို စိတ်လှုပ်ရှားနေပုံလည်း ပေါ်နေလျက် ။ သူမကို စိုက်ကြည့်နေရာမှ စကားထစ်အစွာဖြင့် " မင်း..... မင်း ရီဝမ်ဝမ်လား ? "
ရီဝမ်ဝမ် မသိမသာ မျက်မှောင်ကြုတ်မိလိုက်ပြီး ။ မတော်တဆ သူမရဲ့ပါးပြင်လေးကို ယောင်ယမ်းပြီး စမ်းမိသွားလေရာ သူမ အ၀တ်အစားကောင်းကောင်းလေးနဲ့ အိမ်တော်ကြီးဆီကနေ ထွက်လာခဲ့ပြီးတဲ့နောက်မှာ မိတ်ကပ်မလိမ်းခဲ့ရသေးဘူးဆိုတာကို အမှတ်ရသွားတော့၏ ။