အခန်း ၉၉ + ၁၀၀
18K 2K 54
Chapter. : 99 + 100
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
အခန်း ၉၉ : ကျွန်တော့်ရဲ့တာဝန်
ထိုအခိုက် ။ ခန်းမဆီ လာတဲ့လမ်းမှ အော်သံတစ်ခု ထွက်ပေါ်လာ၏ ။
" မိန်းကလေး လျန် လာပြီ ! "
တံခါးဝတွင် လျှောက်လာနေသည့် လျန်လီဟွာ ။ သူမရဲ့ဘေးမှာ ချန်းရွှေတို့အုပ်စု သူမထံ ပို့ထားကြသည့် အသနားခံစာ ။ ချန်းရွှေတို့ ပေးလာသည့် ဝေဖန်စာကြောင့် တစ်ခုခုတော့ ဖြစ်နေပြီဆိုသည်ကို သူတို့တွေ နားလည်သဘောပေါက်သွားကြဟန် တူသည် ။
မိန်းကလေး လျန် ကို မြင်လိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် ။
လူတိုင်း အပူလုံးကြီးကျကာ သက်ပြင်းချမိသွားကြတော့သည်ထိ ။ ရီဝမ်ဝမ်သည်လည်း ထိုအခွင့်အရေးကို ယူကာ မြန်မြန်ပင် ထထိုင်လိုက်လေရာ ။
သူမ စိတ်အထင်ပဲလားတော့ မသေချာ ။
အနှောင့်အယှက် ၀င်လာသည်ကြောင့် ။ စီရှား ။
မပျော်မရွှင် ဖြစ်သွားပြီး သူ့မျက်နှာထက်ဆီမှာ စိတ်အလိုမကျမှု အရိပ်အယောင်တို့ ဖြတ်ပြေးသွားသည်ဟု သူမ ထင်လိုက်မိပါ၏ ။
လျန်လီဟွာ ။ အသနားခံစာကို သူမလက်ထဲတွင် ကိုင်ထားရင်း ရီဝမ်ဝမ်အား စိတ်ညစ်ညူးဟန်ဖြင့် စိုက်ကြည့်လိုက်ပြီးနောက် ။
" ရီဝမ်ဝမ် ။ ဘာလို့ တစ်ချိန်လုံး နင်ချည်းပဲလဲ ?
ဘယ်လောက်ထိ ဒုက္ခပေးရမှ နင် ကျေနပ်နိုင်မှာလား ? "
ထို့နောက် ။ သူမ လူအများဘက် လှည့်ကာ ပြောလာပြီ ။
" လူတိုင်းရဲ့အမြင်တွေကို သိပြီးသွားပြီ ။ အစကတော့ မျှတမှုရှိအောင်လို့ ကျပန်းရွေးဖို့ သဘောတူခဲ့တာ ။ ဒါပေမယ့်
ရလဒ်က ဒီလိုပြသနာတွေ ဖြစ်လာပြီး ရီဟာဇယ်ကလည်း ချောချောမောမော မရှိဘူးဆိုမှတော့ စနှိုးဝှိုက်အတွက်ကို တခြားတစ်ယောက်ကို ပြောင်းပြီး ရွေးချယ်ရလိမ့်မယ် ။