Chapter. : 66 + 67
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
အခန်း ၆၆ : မုန်တိုင်းမလာခင် ငြိမ်သက်ခြင်း ။
ရီ ၀မ်ဝမ် သူမဘာသာပင် ပြန်မည်ဟု ပြောလာသည့် အချိန် ။
စီရီဟန်ရဲ့ အနက်ရောင် မျက်ဆံများသည် ပိုလို့ပင် မည်းနက်လာပြီး ထိုမျက်ဆံအောက်တွင် မထင်ရှားသည့် လှိုင်းတို့ ထန်လာခဲ့သည် ။ သို့သော် တခလေးအတွင်း ဘာမှမဖြစ်ခဲ့သည့်နှယ် ပုံမှန်ပြန်ဖြစ်သွားပါ၏
သူ တိတ်တိတ်နေခြင်းကို ခွင့်ပြုသည်ဟု သတ်မှတ်လိုက်ပြီး ။
ရီဝမ်ဝမ် သူ့ဆီကို အပြစ်ကင်းသူတစ်ယောက်လို လျှောက်သွားလိုက်ပြီး သူ့ပါးပြင်ပေါ် လျှပ်တစ်ပြက်အနမ်းတစ်ပွင့် ကြဲလိုက်ရင်း " ဒါဆို ကျွန်မ သွားပြီနော် ! ဘွားဘွားကို သွားနှုတ်ဆက်လိုက်ဦးမယ် ! "
သူမ အိမ်တော်ကြီးဆီ ပျော်ရွှင်စွာ လျှောက်သွားချေပြီ ။
ရီဝမ်ဝမ် ထွက်သွားသည်နှင့် ချက်ချင်းပင် ကြောက်စရာကောင်းသည့် ဒေါသတရားတို့ ပေါ်ထွက်လာရကား ။ တိတ်ဆိတ်ပြီး ငြိမ်သက်နေခဲ့သည့် ဥယျာဉ်လေးသည် ချက်ချင်းပင် အနက်ရောင်လေတို့ တိုက်ခတ်နေသည့် ငရဲအဖြစ်
လျင်မြန်စွာ ပြောင်းသွားလျက် ။ လူသတ်ချင်နေသည့်
ခံစားချက်တို့ သိသိသာသာ ထင်ရှားလို့ လာပါ၏ ။
ဒီအခိုက်မှာ ရွှီရီ ရဲ့ နှလုံးသားလေးသည်လည်း ပြာကျသွားရပြီ ။
ရီဝမ်ဝမ် ဘာမှ ရူးရူးမိုက်မိုက် မလုပ်ပါစေနဲ့လို့ သူ ဆုတောင်းပြီးရင်း ဆုတောင်းနေခဲ့သော်ငြား သူမ ကမူးရှူးထိုး ထွက်သွားတာကို
သူကိုယ်တွေ့ ပင် မြင်နေရသည့်အခါ ။
ဒီအရူးမက ဂူရွဲ့ကျီဆီ သွားချင်နေတုန်းပါလား ။
သခင်ကြီးကိုတောင် ငတုံးတစ်ယောက်လို ဆက်ဆံနေတယ် ။ သိသွားမှာမဟုတ်လောက်ဘူးလို့ တွေးတောင်တွေးထားတယ်ပေါ့လေ။
![](https://img.wattpad.com/cover/167247935-288-k596584.jpg)
YOU ARE READING
Romance"ဒီလူ၊ သူ့အကြိုက်က ဘယ်လောက်တောင် လေးနက်နေရတာလဲ။ စားနိုင်သေးတုန်းပဲလား" နိုးလာသည်နှင့် ရှုပ်ပွနေသောဆံပင်၊ တက်တူးနှင့် ဒီမွန်း သဖွယ် မျက်နှာရှိနေသည့် သူမ၏ အသွင်အပြင်ကို မှန်တွင်ကြည့်လိုက်မိ၏။ တစ်စက္ကန့်ထက် ပိုသာ၍ သူမကို ကြည့်မိပါက သင်တို့ မျက်စိစပ်သွာ...