Chapter - 48

4.4K 927 58
                                    

[Unicode]

{မြေပဲထောပတ်ပေါင်မုန့်ကင်}

ချန်ဖန်းပြောခဲ့သည့်အတိုင်း တတိယမြောက်နေ့မနက်ခင်းအစောတွင် သခင်ကြီးရှန်တံခါးလာခေါက်သည်။

တံခါးဘဲလ်က အဆက်မပြတ်မြည်ဟည်းနေတာမို့ အိမ်နံရံတွေကိုပင် တုန်ခါလာစေသည်။ ဧည့်ခန်းကိုရှင်းလင်းနေသည့်ဒေါ်လေးကျိုးမှာ ဘဲလ်သံကိုကြားသည်၌ လန့်ကာထခုန်မိသွားသည်။ သူမ ခြံထဲကိုပြေးဆင်းသွားကာ တံခါးဖွင့်ပေးလိုက်သည်။

သခင်ကြီးရှန်က လမ်းလျှောက်တုတ်ကောက်ကိုကိုင်ကာ ခြံစည်းရိုးရှေ့တွင် မာန်ပါပါရပ်နေခဲ့၏။ သူ့‌နောက်တွင်တော့ ကားဒရိုင်ဘာတစ်ယောက်ရှိနေ၏။

ဒေါ်‌လေးကျိုးက တံခါးကိုခပ်မြန်မြန်ဖွင့်ကာ သခင်ကြီးရှန်ကို ဝင်ခိုင်းလိုက်သည်။ ထို့နောက် သူမက လေးစားစွာပင်နှုတ်ဆက်သည်။

"ဘာလို့ ဒီရောက်လာတာပါလဲ သခင်ကြီးရှန်? သခင်လေးရှန်ကို ရှာနေတာပါလားရှင်?"

'ငါမ‌ပျော်မနေဘူး၊ ငါ ဒေါသထွက်နေတယ်'ဆိုတဲ့အမူအရာ သခင်ကြီးရှန်ရဲ့မျက်နှာထက်မှာ စာရေးထားသလိုပေါ်နေသော်ငြား သူက ဒေါ်လေးကျိုးကို မကျေမနပ်နှင့်မျက်နှာမဲ့မပြပေ။ ထိုအစား သူက ဇွတ်အတင်းပြုံးလိုက်၏။ ထို့နောက် သူက 'အမ်း'ဟုဆိုသည်။

"အဲ့မိမစစ်ဖမစစ်လေး...ရှန်ဖူ ဘယ်မှာလဲ?"

ဘာက သခင်ကြီးရှန်ကို အရမ်းဒေါသထွက်နေအောင်လုပ်လိုက်လဲဆိုတာ ဒေါ်လေးကျိုးမသိပေ။ သူမက အထဲအမြန်ဝင်ကာသာ သခင်ကြီးရှန်ကို လမ်းပြ၏။

"သခင်လေးရှန် အခုထိမထသေးပါဘူး။ ကျွန်မ သူ့ကို သွားနှိုးလိုက်ပါ့မယ်။"

သခင်ကြီးရှန်က စကားမဆိုပေ။ သူက တံခါးဆီလျှောက်သွားကာ ဒေါ်‌လေးကျိုးကိုမေးသည်။

"ရှန်ဖူ့အပြင် နောက်တစ်ယောက်ရှိသေးလား?"

ပထမ၌ ဒေါ်‌လေးကျိုးက မတုန့်ပြန်ပေ၊ သို့သော်လည်း နောက်ဆုံး၌ သူ လင်ရှုယီအကြောင်းပြောနေတာဖြစ်ရမည်ဟု တွေးလိုက်မိ၏။

"ဟုတ်ကဲ့၊ သခင်လေးရှန်က သူငယ်ချင်းတစ်ယောက်ကိုလည်း ခေါ်လာပါတယ်။ သူလည်း အထဲမှာ အိပ်နေပါတယ်။"

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now