Chapter - 32

5.1K 1K 16
                                    

[Zawgyi]

{ရေခဲမုန့်ကြော်}

အဖိုးအိုယန်က နောက်တစ်ကြိမ်ငါးဖမ်းထွက်သွားသည်။ သည်တစ်ကြိမ်မှာတော့ တနင်္ဂနွေနေ့မှာသွားတာမျိုး၊ လင်ရှုယီနဲ့ ရှန်ဖူကို သူနဲ့အတူခေါ်သွားတာမျိုးလုပ်မည့်အစား ရှောင်ဝမ့်အဖွားနဲ့ သူ့အရင်းနှီးဆုံးသူငယ်ချင်းအဖိုးအဖွားလင်မယားကိုခေါ်သွားသည်။

လင်ရှုယီကို ရှီချင်စားသောက်ဆိုင်ပေးလိုက်ပြီးနောက်မှာ အဖိုးအိုယန်က ဆိုင်ကိုလက်လွှတ်ရန်အနည်းငယ်ဝန်လေးနေခဲ့ပြီး နေ့တိုင်းလာရောက်ကြည့်ရှုတတ်သည်။ သို့သော်လည်း မကြာမီအချိန်အနွင်းမှာပင် သူက သူမနဲ့အတူထိုက်ချိကျင့်ဖို့ ဒါမှမဟုတ် တောင်အတူတက်တာတွေလုပ်ပေးဖို့ ရှောင်ဝမ့်အဖွားရဲ့စည်းရုံးခြင်းကိုခံလိုက်ရသည်။ ဘာမှလုပ်စရာမရှိတဲ့အခါ လူစုပြီးငါးဖမ်းထွက်ကြသည်။ အဖိုးအိုယန်ရဲ့ဘဝက ရုတ်တရက်ပြီးစိတ်ချမ်းသာဖို့ကောင်းသွားပုံရကာ သူက ရှီချင်စားသောက်ဆိုင်ရဲ့အရေးကိစ္စတွေကို နောက်ထပ်ဂရုမစိုက်တော့ပေ။ ဘဝက သူလိုချင်ခဲ့သလိုမျိုး သက်တောင့်သက်သာဖြစ်နေခဲ့ပြီး သူ့မှာ ရုတ်တရက်ကြီး ဘဝအဓိပ္ပါယ်ကိုနားလည်သဘောပေါက်သလိုဖြစ်လာ၏။ သို့ဖြစ်ရကား စားသောက်ဆိုင်ကို လင်ရှုယီဆီလွှဲပြောင်းပေးလိုက်ခြင်းက ကောင်းမွန်တဲ့ရွေးချယ်မှုဟု သူခံစားလာရသည်။

ဒီစားသောက်ဆိုင်က လင်ရှုယီကိုလွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်သော်လည်း လင်ရှုယီကမူ ဒီဆိုင်က အဖိုးအိုယန်ပိုင်တယ်လို့ပဲ အမြဲတွေးနေခဲ့သည်။ ဒါကြောင့် သူ့မှာ ဘာကိုမှပြောင်းလဲရန်ရည်ရွယ်ချက်မရှိပေ။ သူ စားသောက်ဆိုင်ကို ကောင်းကောင်းမွန်မွန်စီမံအုပ်ချုပ်နေသရွေ့ သူနေစရာနေရာတစ်ခုအမြဲရှိနေမည်ဟု လင်ရှုယီယုံကြည်သည်။

ရှီချင်စားသောက်ဆိုင်မှာတော့ စီးပွားရေးလုပ်ငန်းက အဆက်မပြတ်တိုးတက်လျက်ရှိ၏။ ရှန်ဖူက ပိုက်ဆံသိမ်းပေးကာ ညရောက်လျှင် သူက အနှီပိုက်ဆံအားလုံးကို လင်ရှုယီကိုပေးသည်။ လင်ရှုယီက ပိုက်ဆံပြည့်သွားလျှင် အဖိုးအိုယန်ကိုပေးရန်အတွက်ပြင်ဆင်ကာ ဘဏ်မှာငွေအပ်ထားရန် နောက်ထပ်ဘဏ်အကောင့်တစ်ခုကိုဖွင့်လိုက်သည်။ 

I'm a Chef in the Modern Era [Myanmar Translation]Onde histórias criam vida. Descubra agora