[Zawgyi]
<နို့နှင်းဆီရေခဲမုန့်>
ချောင်ယောင်လမ်းတစ်လမ်းလုံးဟာ ထိုညက ရှီချင်စားသောက်ဆိုင်မှာ ဖြစ်ပျက်ခဲ့သမျှကို သိကြလေ၏။ သို့သော်လည်း သူတို့က ဒီဆိုင်မှာ အရမ်းကောင်းတဲ့ခေါက်ဆွဲတွေရှိတယ်ဆိုတာမသိခင် ဒီဆိုင်မှာ ခပ်ချောချောလူငယ်လေးတစ်ယောက်ရှိတာကို အရင်သိကြသည်။
လကုန်တဲ့အချိန်မှာ အဖိုးအိုယန်ဟာ သူ့ရဲ့ငွေစာရင်းစာအုပ်တွေနဲ့ ငွေစာရင်းညှိနေတုန်းမှာ သူ့ပုံမှန်ဝင်ငွေထက် ငါးဆပိုများနေတာကို တွေ့လိုက်ရတဲ့အခါ သူလန့်သွားသည်။ ဒီစားသောက်ဆိုင်ဖွင့်လာတာ နှစ်တွေအတော်ကြာပြီဆိုပေမယ့် သူတစ်ခါမှ တစ်လအတွင်း ဒီလောက်ငွေအများကြီးမရဖူးပေ။ သူက ထုံးစံအတိုင်းပဲပိုက်ဆံတွေကိုလက်ခံလိုက်ပြီး ရေတွက်ခြင်းမရှိချေ။ သူက ဝါသနာပါလို့သာ စားသောက်ဆိုင်ကို ဖွင့်ရုံဖွင့်ထားခြင်းဖြစ်သည်။ နှစ်တွေအကြာကြီးဖွင့်ထားခဲ့ပေမယ့် သူဒီဆိုင်ကိုပိတ်ပစ်ဖို့ တစ်ခါမှစိတ်မကူးခဲ့တာက ငွေကြေးက အဓိကမဟုတ်လို့ဖြစ်၏။ ရလဒ်အနေနဲ့ သူကနေ့တိုင်းပိုက်ဆံမရေသော်လည်း လကုန်လို့ရေတွက်တဲ့အခါ ပိုက်ဆံတွေအများကြီးဖြစ်နေတော့သည်။
အဖိုးအိုယန်က အသက်ကြီးတဲ့သူဖြစ်တာကြောင့် သူက အင်တာနက်ရဲ့ အကျိုးသက်ရောက်မှုတွေကို မသိပေ။ ပုံမှန်အားဖြင့်တော့ သူက ဆဲလ်ဖုန်းမသုံးတဲ့သူဖြစ်ပြီး သူ့အိမ်မှာရှိတဲ့ကြိုးဖုန်းနဲ့တောင် လူတွေကို ဖုန်းခေါ်တာရှားသည်။ ဒါကြောင့် ဒါတွေအားလုံးက မိုက်ခရိုဘလော့ဂ်ျတွေမှာပါနေတဲ့ လင်ရှုယီရဲ့မျက်နှာကို ချစ်ခင်မြတ်နိုးကြတာကြောင့် ရရှိတဲ့အကျိုးအမြတ်တွေဆိုတာ သူလုံးဝမသိပေ။
သို့သော်လည်း သူ့ဆိုင်က ဘယ်လိုလုပ်အရမ်းကျော်ကြားသွားရလည်းဆိုတာကို သူမသိတောင်မှ ဆိုင်ထဲကိုဝင်လာကြတဲ့ မဆုံးနိုင်တဲ့လူတန်းကြီးမှာ မိန်းမပျိုလေးတွေ အများဆုံးပါဝင်နေတာကြောင့် ဒါတွေက လင်ရှုယီနဲ့ ပတ်သက်နေတယ်ဆိုတာ သူသိလေသည်။ အခုအချိန်မှာတော့ တဖြည်းဖြည်းနဲ့ အရမ်းဝေးတဲ့နေရာတွေက လူတွေတောင်မှ ဒီကိုအပြေးလေးလာစားကြပြီး ဆိုင်ထဲက လူငယ်တွေရဲ့အရေအတွက်က ချက်ချင်းပဲပြည့်သွားတတ်သည်။ ဘာပဲဖြစ်ဖြစ် ကိစ္စတော့မရှိပေ။ ဒါက လင်ရှုယီနဲ့ တစ်နည်းနည်းဖြင့် ပတ်သက်နေပေ၏။
![](https://img.wattpad.com/cover/219562849-288-k125358.jpg)
VOCÊ ESTÁ LENDO
I'm a Chef in the Modern Era [Myanmar Translation]
FantasiaName 我在现代做厨子[美食] Wǒ zài xiàndài zuò cr húzi [měishí] Author(s) 桃子苏 (Táozi sū) Translator(s) Exiled Rebels Scanlations Chapter 125chapters(118chapters+7extras) Status in COO Completed Myanmar Translation start date 6.4.2020