Chapter - 106

1.7K 300 29
                                    

Unicode

၁၀၆။ တာကိုယကိ (Takoyaki)
___________________

နောက်ရက်မှာ ရှန်ဖူတစ်ယောက် စောစောနိုးလို့လာသည်။ မနက်စာစားပြီးနောက်မှာ သူက သူ့သားနှစ်ယောက်ကိုအပြင်ခေါ်သွားဖို့အတွက် လိုအပ်တာတွေစပြင်တော့သည်။

လင်ရှုယီက ကုတင်ပေါ်မှာလူးလှိမ့်လိုက်ပြီး အိပ်ချင်မူးတူးဖြင့်နိုးလာသည်၊ သူ့မျက်လုံးတွေက ရီဝေဝေဖြစ်နေသည်။

ရှန်ဖူက သူ့အနားလျှောက်သွားကာ လင်ရှုယီရဲ့နဖူးကိုနမ်းသည်။

"ခဏလောက်ထပ်အိပ်ဦး။ ပြီးရင်နှိုးမယ်။"

လင်ရှုယီက သဘောတူတဲ့အသံတစ်ချက်ပြုကာဆက်အိပ်နေသည်။ သူ တကယ်ပင်ပန်းနေပြီးအားမရှိပါချေ။

သူတို့ယူရမယ့်ပစ္စည်းအများစုက ထောင်ထောင့်ပစ္စည်းတွေဖြစ်သည်။ ဒိုက်ပါ၊ နို့မှုန့်ဘူး၊ ရေနွေးဓာတ်ဘူး၊ နို့ဘူးထဲထည့်ထားတဲ့ရေအေး၊ ကိုက်ဝါးစရာဘီစကစ်...

ရှန်ယန်က ရှန်ဖူ့နောက်မှာရုတ်တရက်ပေါ်လာပြီးမေးသည်။

"မင်းတို့ အပြင်သွားမှာလား?"

ရှန်ဖူက သူ့ကိုမကြည့်ဘဲခေါင်းငြိမ့်သည်။

"အင်း၊ ကျွန်တော် သူတို့ကို အပြင်ခေါ်သွားမလို့။"

ရှန်ယန်က ရှန်ဖူ့နားပိုနီးအောင်လျှောက်လာပြီး ရှန်ဖူက သူ့အိတ်ထဲ ပစ္စည်းတွေအဆက်မပြတ်ထည့်နေတာကိုကြည့်ရင်းပြုံးသည်။

"အခု မင်းဘာနဲ့တူလဲသိလား?"

"ဟမ်? ဘာနဲ့လဲ?"

"အချိန်ပြည့်ငှားထားတဲ့အမျိုးသားကလေးထိန်းနဲ့။"

ရှန်ဖူ : ...

ရှန်ယန်က ထပ်ရယ်သည်။

"ဒါပေမယ့် ငါ မင်းကို အတော်လေးအားကျမိတယ်။"

နောက်ဆုံးမှာတော့ ရှန်ဖူက ရှန်ယန့်ကိုလှည့်ကြည့်လာတော့သည်။

"တကယ်တော့ အစ်ကိုတို့လည်း တစ်ယောက်သွားမွေးစားလို့ရသားပဲ။"

ရှန်ယန် ခေါင်းငြိမ့်လိုက်မိပြီးနောက် ရှန်ဖူဆက်ပြောတာကိုကြားလိုက်ရသည်။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now