Chapter -55

4.5K 857 26
                                    

Unicode

အသားလုံးချိုချဉ်
___________

လတ်တလောတွင် ရှီချင်စားသောက်ဆိုင်ကိုပိတ်ထားသော်လည်း လင်ရှုယီမှာတော့ ယခင်ကနှယ်ပင် အလုပ်များလျက်ရှိသည်။

ပထမတစ်လုပ်က ရှီချင်စားသောက်ဆိုင်၏ပြန်တည်ဆောက်ခြင်းနှင့်အလှဆင်ခြင်းဖြစ်ပြီး ‌နောက်တစ်လုပ်က ရှီချင်စားသောက်ဆိုင်အတွက် ပစ္စည်းတွေဝယ်ယူရခြင်းဖြစ်ကာ နောက်ဆုံးတစ်လုပ်အနေဖြင့် သီးသန့်စားသောက်ခန်းရဲ့ ဟင်းလျာစာရင်းပြင်ဖို့ရှိနေသေးသည်။ တစ်ခြားဘယ်သူမှ ဒီတာဝန်တွေကိုမလုပ်နိုင်တာမို့ သူသွားလုပ်ရတော့သည်။

ဟင်းလျာစာရင်းက မရေမရာဖြစ်နေဆဲဖြစ်သော်လည်း ပြန်ပြင်ဆင်တာနဲ့အတူဝယ်ယူရမည့်ပစ္စည်းတစ်ချို့ရှိနေတာကြောင့် ယခုမှ ပစ္စည်းတွေသွားဝယ်ဖို့ဆိုသည်က နောက်ကျလွန်းနေပြီဖြစ်၏။ ဥပမာအားဖြင့် မီးဖိုခန်းထဲက ပစ္စည်းများဖြစ်သည့် range hoodနဲ့ မုန့်ဖိုတွေက ကြိုတင်ထည့်ထားရမည်ဖြစ်၏။ ဗိသုကာပညာရှင်တွေက မီးဖိုခန်းတစ်ခုလုံးကို ဒီဇိုင်းဆွဲနိုင်သော်လည်း အခြေခံအားဖြင့်တော့ သူတို့တွေ ဘာလျှပ်စစ်ပစ္စည်းတွေသုံးသင့်တယ်ဆိုတာကို လင်ရှုယီက နောက်ဆုံးအနေဖြင့်ဆုံးဖြတ်ပေးရမည်ဖြစ်၏။

ယခုတော့ဖြင့် လင်ရှုယီမှာ ခေတ်မီလျှပ်စစ်ပစ္စည်းများဖြင့် ပို၍ထိတွေ့လာရပြီဖြစ်ပြီး အဲ့လျှပ်စစ်ပစ္စည်းတွေသုံးတဲ့နေရာမှာလည်း ပိုမိုကောင်းမွန်လာပြီဖြစ်၏။ သို့သော်လည်း ဘယ်တံဆိပ်က မီးဖိုကောင်းရှိတယ်၊ ဘယ်တံဆိပ်က မီးဆွဲအားနည်းတဲ့ရေခဲသေတ္တာတွေရှိတယ်၊ ဘယ်တံဆိပ်က ပထတန်းစားလုပ်ဆောင်ချက်တွေနဲ့ကြာရှည်အသုံးခံတဲ့range hoodတွေရှိတယ်ဆိုတာ သူ တကယ်ကိုလုံးဝမသိပါပေ။

ရလဒ်အနေဖြင့် သူက ပစ္စည်းတွေဝယ်တာကို ရှန်ဖူ့ဆီသာလွှဲလိုက်နိုင်လေ၏။

အဖိုးအိုယန်ကလည်း အဲ့ပစ္စည်းတွေကိုမဝယ်နိုင်ပေ။ အကြောင်းမူ မင်းသာ သူ့ကိုပိုက်ဆံပေးလိုက်ပါက သူ ပထမဆုံးစဉ်းစားမည့်ကိစ္စမှာ ဘယ်ပစ္စည်းက ဈေးအပေါဆုံးနဲ့ပိုက်ဆံအချွေတာနိုင်ဆုံးဖြစ်မည်လဲဆိုတာဖြစ်နေသည်မို့ပင်။

I'm a Chef in the Modern Era [Myanmar Translation]Onde histórias criam vida. Descubra agora