Chapter - 108

1.6K 259 2
                                    

Unicode

၁၀၈။ မာလာကြက်သား
___________________

အဆုံးမှာတော့ ရှန်ဖူတစ်ယောက် မစားလိုက်ရပေ။ ကုတင်ထက်လူးလှိမ့်ပြီးနောက် ရှန်ဖူတစ်ယောက် လင်ရှုယီကိုပွေ့ဖက်ကာ သူ့နှုတ်ခမ်းတွေကိုနမ်းဖို့သာအချိန်ရလိုက်ပြီး အိပ်ပျော်သွားတော့သည်။

အချိန်ခဏကြာတဲ့အထိ ရှန်ဖူ စကားပြောနေတဲ့အသံကိုမကြားမိတာမို့ မော့ကြည့်လိုက်မိချိန်မှာ ရှန်ဖူအျပ်ပျော်သွားတာကို လင်ရှုယီတွေ့လိုက်ရသည်။

သူက ရှန်ဖူ့လက်မောင်းတွေကြားကနေ အသာအယာရုန်းထွက်လိုက်သည်။ ရှန်ဖူက အလိုလိုပင် သူ့ပွေ့ဖက်ထားမှုကိုခဏမျှတင်းကြပ်လိုက်ပြီးမှ လင်ရှုယီက သူ့ရင်ခွင်ထဲကနေ ထွက်ခွာခွင့်ပေးလိုက်သည်။

လင်ရှုယီက ငုံ့ကိုင်းကာ ရှန်ဖူ့မျက်နှာကိုသေချာကြည့်သည်။ သူ အစကမြင်ခဲ့ရတဲ့အတိုင်းပင်။ ရှန်ဖူတစ်ယောက် မအိပ်ရတာတွေကြောင့် သိသိသာသာပင်မျက်တွင်းနည်းနည်းချောင်သွားသည်။

ရှန်ဖူ သူ့ဆီကနေ ဘာတွေကိုဖုံးကွယ်ထားလဲဆိုတာ လင်ရှုယီ သိချင်မိပေမယ့် ရှန်ဖူ ဘယ်လောက်တောင်ပင်ပန်းလာတယ်ဆိုတာကိုမြင်လိုက်ရတဲ့အခါ သူ တကယ်မေးချင်စိတ်မရှိတော့ပေ။ လူတစ်ယောက်က ဘယ်လောက်တောင်စိတ်ရင်းမှန်လဲဆိုတာ သူပြောနိုင်သည်။ လင်ရှုယီ သူ့ဘာသာတွေးလိုက်မိသည်၊ ရှန်ဖူက သူ ရှန်ဖူ့ကိုချစ်သလောက်ကို သူ့ကိုလည်းချစ်တာမို့ ရှန်ဖူ ဘာတွေကိုဖုံးကွယ်နေလဲဆိုတာသိရဖို့က အရေးမကြီးဘူး။ သူ့ကို ရင်တမမဖြစ်အောင်လုပ်ပြီးမှတော့ တစ်နေ့နေ့ကျ ရှန်ဖူ သေချာပေါက် သူ့ကိုပြောပြလာမှာပဲ။

သို့သော်ငြား ရှန်ဖူပင်ပန်းနေတာကိုမြင်ရပြီး လင်ရှုယီ စိတ်ဓာတ်ကျသွားဆဲဖြစ်၏။ သူ့ဘေးနားရှိနာရီကိုကြည့်ပြီးနောက် တစ်နာရီကျော်ကြာသွားပြီဆိုတာ လင်ရှုယီသိလိုက်ရသည်။ အခုက မနက်ခုနစ်နာရီကျော်ပြီဖြစ်သည်။ လင်ရှုယီက သူ့ရဲ့လျော့ရဲနေတဲ့အင်္ကျီကိုဆွဲယူကာ ရေချိုးခန်းထဲဝင်သွားသည်။

သူ ရှန်ဖူ့အင်္ကျီတွေကို တမင်ဝတ်တာမဟုတ်ဘူး။ သူ ရှန်ဖူ့ကို နည်းနည်းလွမ်းလာလို့။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now