Chapter - 114

1.3K 175 6
                                    

Unicode

၁၁၄။ သက်တန့်ဒိုးနပ်

ဒစ်စနေးလန်းဒ်ကို ၁၉၅၅တွင် ကယ်လီဖိုးနီးယား၌တည်ဆောက်ခဲ့သည်မို့ လင်ရှုယီတို့လာတဲ့ဒစ်စနေးလန်းဒ်မှာ ၁၉၅၅တွင်တည်ဆောက်ခဲ့သည့် ပထမဆုံးဒစ်စနေးလန်းဒ်ပင်ဖြစ်တော့၏။

ကြီးမားလွန်းတဲ့themeဥယျာဉ်ကြီးထဲမှာ Adventureland, Tomorrowland, Fantasyland, Mickey’s Toontownစသည်တို့ပါဝင်သည့် မတူညီကွဲပြားသည့်theme landစုစုပေါင်းရှစ်ခုရှိသည့်အပြင် စတင်ဖွင့်လှစ်သည့် ၁၉၅၅၊ ဇန်နဝါရီလ ၁၇ရက်နေ့တည်းက ကမ္ဘာ့အကျော်ကြားဆုံး၊ လူကြိုက်အများဆုံးtheme parkတွေထဲကတစ်ခုဖြစ်လာခဲ့သည်။

[T/N : ၂၀၁၉မှာ theme land ၉ခုရှိနေပြီဖြစ်ပေမယ့် ဒီဝတ္ထုကို ၂၀၁၉မတိုင်ခင်ကရေးထားတာကြောင့် ရှစ်ခုပဲဖြစ်နေတာပါ။]

‌လော့အိန်ဂျလိစ်၊ ကယ်လီဖိုးနီးယားကိုအလည်အပတ်လာရောက်ချိန် ဟောလိဝုဒ်အပြင် တခြားသွားကိုသွားရမည့်နေရာရှိပါက ထိုသည်မှာ ဒစ်စနေးလန်းဒ်ပင်။

ကြီးမားလှသည့်မစ်ကီမောက်စ်ရုပ်ထုကြီး၊ နတ်သမီးပုံပြင်တွေထဲမှရဲတိုက်များနှယ် အရောင်အသွေးစုံလင်လှသည့်ရဲတိုက်များ၊ တိမ်ထုထဲထိထိုးဖောက်နေသည့်ရိုလာကိုစတာများ...ရှောင်ယွီကား သူ့ရှေ့ရှီtheme parkအကြီးကြီးကိုကြည့်ကာ ကြက်သေ,သေနေလျက် အချိန်အတန်ကြာသည်အထိ သတိပြန်မရ။

"ဒယ်ဒီ၊ ဒီtheme parkက အကြီးကြီးပဲ! ဖိုးဖိုးနဲ့ဖွားဖွားရဲ့အပန်းဖြေဥယျာဉ်ထက်တောင်ကြီးသေးတယ်။"

ရှန်ဖူ ပြုံးလေသည်။

"ဒါပေါ့ကွ၊ ဘာလို့လဲဆို ဒီဒစ်စနေးလန်းဒ်က တခြားဒစ်စနေးလန်းဒ်တွေရဲ့စံနမူနာမို့လို့လေ။ ဒါက မူရင်းဖြစ်တဲ့အပြင် အကြီးဆုံးဆိုလည်းဟုတ်တယ်။"

ထောင့်ထောင့်မျက်လုံးလေးတွေလည်း လုံးဝိုင်းပြီးအရည်ရွှမ်းသည့်စပျစ်သီးနှစ်လုံးနှယ်ပြူးကျယ်သွားကာ သူက အထဲမှာရှိသည့် အာတာပူစီကိုအကြီးကြီးကို လက်ညှိုးထိုးပါ၏။

"သကြားလုံး~ သကြားလုံး~"

နောက်မှလိုက်လာသူတို့ မနေနိုင်စွာရယ်မိကြသည်။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now