Chapter - 124

829 55 2
                                    

၁၂၄။ အချပ်ပို(၆)

ရှန်ဖူ့မင်္ဂလာပွဲပြီးသွားပြီးသိပ်မကြာခင်မှာပင် ရှန်ယန်နဲ့ကျန်းချန်တို့ အရင်ပြန်သွားကြသည်။

မပြန်ခင်ညမှာ ရှန်မိသားစုက ညတစ်ဝက်လောက်ကြာသည်အထိ ဝိုင်းဖွဲ့ထိုင်ကာစကားစမြည်ပြောနေကြတာမို့ လေယာဉ်ပေါ်မှာ ရှန်ယန်တစ်ယောက် အိပ်ချင်စိတ်တွေထိန်းမရတော့။ ကျန်းချန်က သူ့ဘေးနားလာထိုင်ကာ ရှန်ယန့်ခေါင်းကို သူ့ပခုံးပေါ်တင်သည်။

"တစ်ရေးအိပ်လိုက်။"

ရှန်ယန်က 'အင်း'ဟုဆိုကာ သူ့ကိုယ်အပေါ်ပိုင်းတစ်ခုလုံးကို ကျန်းချန်ပေါ်မှီချလိုက်ကာ မျက်လုံးတို့မှိတ်ပြီး အိပ်စက်ချေသည်။

ရှန်ယန့်အသက်ရှူသံ တဖြည်းဖြည်းတည်ငြိမ်လာတာကို ကျန်းချန် နားထောင်နေမိသည်။ သူ စတွေ့စဉ်ကထက်ပိုမိုရင့်ကျက်နေပြီဖြစ်သည့် ရှန်ယန်၏အိပ်ပျော်နေသည့်မျက်နှာချောချောကို သူ ခေါင်းငဲ့ကာကြည့်နေမိသည်။ သူ၏မျက်နှာကျက ပိုမိုထင်ရှားလာပြီး သူ၏မျက်ခုံးထင်းထင်းတို့က ထူထဲနက်မှောင်နေကာ သူ၏မျက်တောင်တို့က မိန်းကလေးတစ်ယောက်၏မျက်တောင်များအလား ရှည်လျားလှ၏။ သို့တိုင် သူ မျက်လုံးဖွင့်လိုက်ချိန်မှာ မိန်းကလေးဆန်မှုတစ်စက်ကလေးမှရှိမနေချေ။ လက်ရှိတွင်တော့ သူ့မျက်လုံးတို့က ပိတ်ကျနေကာ သူ့မျက်တောင်တို့က တစ်ကြိမ်တစ်ကြိမ်လှုပ်ခတ်လာတတ်သည်။ သည်လှုပ်ရှားမှုလေးက ကျန်းချန်ရဲ့နှလုံးသားကို လာရောက်ကုတ်ခြစ်နေသလိုဖြစ်နေကာ အသည်းတယားယားဖြစ်သွားစေရသည်မှာ သူ့နှလုံးသားလေး တုန်ယင်လာသည်အထိ။ ရှန်ယန့်နှာတံက သွယ်ကာဖြောင့်စင်းနေလျက် ပန်းဆီရောင်နှုတ်ခမ်းပါးတို့ကတော့ အကျင့်အတိုင်း တင်းတင်းစေ့ပိတ်ထားလျက်ရှိသည်။ သူ့နှုတ်ခမ်းတို့ တစ်ခါတစ်ခါပြုံးယောင်သမ်းသွားတတ်ချိန်သည် အသက်ရှူမှားလောက်ဖွယ်မြင်ကွင်းပေတည်း။

ပိုရင့်ကျက်လာကာ နှလုံးအိမ်ကိုပိုညှို့ငင်နိုင်လာသည်မှအပ ရှန်ယန်ကား သူတို့စတွေ့သည့်နှစ်ကနှင့် များစွာမကွာခြားလှပါချေ။ ရှန်ယန့်လိုပင် သူသည်လည်း ရှန်ယန့်ကိုစတွေ့ချိန်မှစ၍ နင့်နဲစွာချစ်မိသွားခဲ့ကြောင်းကိုတော့ သူ ရှန်ယန့်ကို တစ်ခါမှပြောမရဲခဲ့။

You've reached the end of published parts.

⏰ Last updated: Nov 11, 2024 ⏰

Add this story to your Library to get notified about new parts!

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now