Chapter - 10

7.6K 1.2K 31
                                    

[Zawgyi]

<အသီးအရွက်ဖက်ထုပ်>

လင်ရှုယီက foodieတစ်ယောက်ရဲ့စိတ်မျိုးရှိရုံမက အစာအိမ်ရဲ့ခံစားမှုကိုလည်း ပြသနေသေးသည်။ နှစ်ယောက်သား တံငါသည်စံအိမ်ကနေထွက်လာချိန်မှာ လင်ရှုယီဗိုက်ကပြည့်တင်းနေပေမယ့်လည်း သကြားလုံးဆိုင်တစ်ဆိုင်ကို ဖြတ်လာတဲ့အခါမှာ လင်ရှုယီနောက် လှည့်ပတ်ကြည့်ရင်း အကြည့်များစွာပေးပို့နေလေ၏။ ဒါကြေညင့်ပဲ ရှန်ဖူက အံ့သြတဲ့အကြည့်နဲ့သာ ကြည့်နေနိုင်တော့သည်။

သူတို့ပြန်ရောက်တဲ့အခါ လင်ရှုယီက မအိပ်ခင်မှာ ရေချိုးလိုက်သည်။ ခါတိုင်းလိုပင် ရှန်ဖူက ဆိုဖာပေါ်မှာ ခြေထောက်ကွေးကာ အိပ်လေ၏။ ပြီးနောက်....သူ ကြွက်တက်တော့သည်။

နောက်တစ်နေ့မှာ လင်ရှုယီစောစောနိုးလာပြီး ရှန်ဖူက ညိုမည်းနေတဲ့မျက်ကွင်းတွေနဲ့ သူ့အရင်နိုးနေတာကိုတွေ့လိုက်ရသည်။

"ကျွန်တော် စားသောက်ဆိုင်ကိုသွားတော့မယ်။"

လင်ရှုယီက ပြောလိုက်သည်။

ရှန်ဖူက စကားလည်းမပြောသလို စလည်းမစဘဲ ရိုးရှင်းစွာပင် အသည်းအသန် ခေါင်းငြိမ့်၏။

ရုတ်တရက်ကြီး သူ့သဘောထားပြောင်းလဲသွားတာနဲ့ပတ်သက်ပြီး လင်ရှုယီမအံ့သြပေ။ သူက သူ့လက်ထဲကသော့တွေကို လှုပ်ရမ်းပြလိုက်ပြီး မေးလိုက်သည်။

"ကျွန်တော် တံခါးသော့ခတ်ခဲ့သင့်လား?"

ရှန်ဖူက အသည်းအသန်ပင်ခေါင်းခါ၏။

မနေ့က နေ့လည်ပြီးတဲ့နောက်မှာ ရှန်ဖူက အရင်ကလိုစိတ်ရှုပ်စရာမကောင်းတော့ဘူးလို့ လင်ရှုယီခံစားမိတာကြောင့် သူ့ကိုဆက်မနှောင့်ယှက်တော့ဘဲ ထွက်လာလိုက်သည်။ လင်ရှုယီထွက်သွားပြီးတဲ့နောက်မှာ ရှန်ဖူက ဆိုဖာပေါ်ကို အင့်ခနဲအသံမြည်အောင်ထိုင်ချလိုက်ပြီး ဖုန်းကိုထုတ်လိုက်၏။ ဆိုဖာပေါ်မှာ နောက်တစ်ကြိမ်ထပ်မအိပ်တော့ဘူးလို့ သူကျိန်ဆိုတယ်။

စားသောက်ဆိုင်ကို လင်ရှုယီရောက်တဲ့အခါ အဖိုးအိုယန်လည်း နိုးနေပြီဖြစ်သည်။ သူက လင်ရှုယီနောက်ကျမယ်လို့ထင်နေပေမယ့် သူ့စိတ်ထဲကalarmက ကြောက်ဖို့ကောင်းလောက်အောင်တိကျနေလိမ့်မယ်လို့ ဘယ်သူသိမှာလဲ။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now