Chapter - 54

4.5K 906 23
                                    

Unicode

ချိစ်ပီဇာ
________

ပြန်တည်ဆောက်တာက ပြီးလုနီးပြီမို့ ယခုက အလှဆင်ပစ္စည်းတွေဝယ်ဖို့အချိန်ပင်။ သုတ်ဆေးတွေအတွက်ကတော့ အားလုံးက ပတ်ဝန်းကျင်နှင့်ရင်းနှီးသည့်အရောင်များဖြစ်ကာ အနံ့မရှိပေ။ ဒါက ပိုဈေးကြီးပေမယ့်လည်း စားသောက်ဆိုင်က မြန်မြန်ဆန်ဆန်လုပ်ငန်းလည်ပတ်နိုင်ပြီး စားသောက်ဆိုင်ရဲ့ ပတ်ဝန်းကျင်ကိုအန္တရာယ်မပြုတဲ့သတ်မှတ်ချက်ကိုလည်း ကူညီပေးနေသည်မို့ တန်ပေသည်။

လင်ရှုယီက သူထွက်မသွားခင် ဒီဇိုင်နာနှင့် အပြင်အဆင်ပုံစံအကြောင်းပြောခဲ့သည်။ ထိုင်ခုံတွေ၊ စားပွဲတွေနဲ့ သစ်သားအကန့်တွေ၊ ပစ္စည်းအကြီးစားတွေမှာ ဒီဇိုင်နာတွေက ပိုအတွေ့အကြုံရှိတာမို့ အားလုံးကို သူတို့ စီစဉ်ပေးရမည်ဖြစ်သည်။ အသေးစားအလှဆင်ပစ္စည်းတွေကိုတော့ လင်ရှုယီက သူကိုယ်တိုင်ဝယ်ချင်သည်။ သို့သော်လည်း ဒါက အဓိကပရိဘောဂတွေရောက်လာတဲ့အထိ စောင့်နေရမည်ဖြစ်၏။ ဒါမှသာ သူဝယ်လာတဲ့ပစ္စည်းတွေကို ထိပ်နားမှာ ဟိုတစ်စသည်တစ်စထားနိုင်မှာဖြစ်သည်။

ရှန်ဖူက ဘောင်းဘီအိတ်ကပ်ထဲလက်ထည့်ကာ အပြင်ဘက်မှာရပ်နေပြီး စကားတစ်ခွန်းမှမပြောချေ။ သူက ခဏရှိတိုင်း သူတို့ကိုကြည့်ဖို့ လှည့်လာရုံသာဖြစ်၏။ လင်ရှုယီက ဘာမှမခံစားရပေမယ့် ဒီဇိုင်နာကတော့မဟုတ်ပေ။ တစ်ပတ်သာခွဲခွာလိုက်ရတယ်ဆိုပေမယ့် သူ့သူဌေးရဲ့အကြည့်က ပိုပြီးခြိမ်းခြောက်မှုတွေရှိလာတာကို သူခံစားမိသည်။

သူ ဘာမှမလုပ်ခဲ့ပေမယ့်လည်း တစ်ခုခုအတွက် အပြစ်တင်ခံနေရသလို သူခံစားနေရသည်...။

"အမ်း...မင်းအစ်ကိုက နည်းနည်းစိတ်တိုနေတယ်။"

ဒီဇိုင်နာက လင်ရှုယီရဲ့နားနားကပ်ကာတီးတိုးပြောလိုက်မိပြီး ထို့နောက်တွင်တော့ သူ့နားတစ်ဝိုက်ကအပူချိန်က ပိုပြီးနိမ့်ဆင်းသွားသည်ကို သူခံစားမိလိုက်သည်။

"ဟမ်?"

လင်ရှုယီက စိတ်ရှုပ်ထွေးစွာလှည့်ကြည့်လိုက်သော်လည်း သူမြင်လိုက်ရသည်က ရှန်ဖူ၏အပြုံးမျက်နှာသာ။

I'm a Chef in the Modern Era [Myanmar Translation]Tahanan ng mga kuwento. Tumuklas ngayon