Chapter - 49

4.5K 943 46
                                    

[Unicode]

{KFC မိသားစုကြက်ကင်ပုံး}

လင်ရှုယီနဲ့ချန်ဖန်းက တံခါးဆီ အတူတူရောက်လာကြသည်။ ဖိုးဖိုးရှန်က စိတ်ထင့်နေတဲ့အမူအရာနဲ့ အောက်ထပ်မှာထိုင်နေ၏။
လင်ရှုယီနဲ့ချန်ဖန်းတို့မှာ ရှန်ဖူ့ကို အလိုလိုပင်ကြည့်လိုက်မိကြသည်။ အားလုံးအဆင်ပြေတယ်လို့ သူပြောခဲ့တယ်မဟုတ်ဘူးလား? ဖိုးဖိုးရှန်က ဘာလို့ အခုထိ စိတ်တိုနေတဲ့ပုံပေါက်နေသေးတာလဲ?

ရှန်ဖူက တုန့်ပြန်သည့်အနေဖြင့် သူတို့ကို ပခုံးတွန့်ပြသော်လည်း ဘာမှမပြောချေ။ သူက လင်ရှုယီနဲ့ ဆက်နွယ်မှုရှိထားပြီလို့ ပြောပြီး သူ့အဖိုးကိုလိမ်ထားတယ်ဆိုတာ‌ သူတို့ကိုပြောပြလိုက်ရင် ကောင်းတာရှိမှာမဟုတ်ဘူးလေ။

လင်ရှုယီက ‌အခြေအနေကိုစဉ်းစားရင်းဖြင့် ချန်ဖန်းကို တစ်ချက်ကြည့်သည်။ ဘာပဲဖြစ်နေနေ ဒါက ရှန်ဖူ့မိသားစုပြသနာဖြစ်တာမို့ သူဝင်ပါလို့ လုံးဝမသင့်တော်ဘူးလို့ ဆုံးဖြတ်ထား၏။ သူ ဒါတွေကို တစ်ခွန်းမှမပြောနိုင်သေးခင်မှာပင် ချန်ဖန်းက သူ့ပခုံးကိုပုတ်ကာ ရွှင်ပျစွာဆိုလာ၏။

"မင်း အောက်ထပ်ကိုဆင်းပြီး အဖိုးရှန်နဲ့ စကားပြောသင့်တယ်..."

ချန်ဖန်းမှာ စကားတစ်ဝက်လောက်ပြောပြီးကာမှ လင်ရှုယီက ရှန်ဖူ သူ့အပေါ်ခံစားချက်တွေရှိနေတာကိုပင် မသိတာမို့ သည်ကိစ္စမှာ သူ့ရဲ့ပါဝင်ပတ်သက်နေသည့်အနေအထားကိုလည်း သိမည်မဟုတ်ရာ သူ့ကို ဒီစကားပြောလိုက်ခြင်းက ဘာမှမဖြစ်ပေမယ့် ရှုပ်ထွေးသွားစေနိုင်သည်ကို သတိရလိုက်၏။

ပြီး ထင်ထားသည့်အတိုင်း လင်ရှုယီမှာ အမှန်တကယ်ရှုပ်ထွေးသွားပေ၏။ သူ့ကို? ဖိုးဖိုးရှန်နဲ့ စကားပြောဖို့? သူတို့က ဘာပြောစရာရှိမှာမို့လဲ?

ထိုအချိန်တွင် ရှန်ဖူက သူ့ရဲ့ ကိုက်ခဲနေတဲ့နားထင်ကိုနှိပ်ကာ ဒီအခြေအနေက နည်းနည်းထိန်းချုပ်ရခက်လာပြီပဲဟု အချိန်နှောင်းမှခံစားနေရ၏။ ချန်ဖန်းက သူ့ကို လင်ရှုယီနဲ့ရှိနေနိုင်ဖို့ ကူညီပေးနေပေမယ့် လင်ရှုယီကတော့ သူ ချစ်နေတဲ့လူက ချန်ဖန်းလို့ထင်နေသည်။ ရှုပ်ထွေးလိုက်တာ။ သူချစ်တဲ့လူက ချန်ဖန်းလို့ လင်ရှုယီထင်နေတာကို မငြင်းလိုက်မိတာက တကယ်ကို သူ့ခြေထောက်သူ ပြန်ရိုက်လိုက်မိခြင်းပင်။ ရှန်ဖူလိုချင်တာက ရိုးရိုးကလေးသာ၊ သူ တကယ်ခံစားချက်ရှိနေတဲ့လူက လင်ရှုယီကိုယ်တိုင်ဆိုတာ ပေါ်မသွားစေဖို့ပင်။ ရလဒ်အနေဖြင့် အနှီထိမ်ချန်ဖုံးကွယ်ကာ လိမ်ညာထားမှုက သူ့ကို ဒုက္ခပေးဖို့ ပြန်ရောက်လာပြီး နောင်တရဖို့ နောက်ကျလွန်းနေပြီဖြစ်၏။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now