Unicode
သစ်သီးထင်းဘဲကင်
_________________နောက်ရက်မှာတော့ တစ်မိသားစုလုံး မနက်စာစားကြသည်။ စားသောက်ပြီးနောက်မှာတော့ သူတို့က ရှန်ဖူတို့နှစ်ယောက်နဲ့အတူ သတင်းစာရှင်းလင်းပွဲကို လိုက်ခဲ့ကြဖို့ဆုံးဖြတ်လိုက်သည်။
သတင်းစာရှင်းလင်းပွဲမှာလိုတာက ပါဝင်ပတ်သက်နေတဲ့လူနှစ်ယောက်ရဲ့ရှင်းပြချက်နဲ့ သဘောတူတယ်ဆိုတာပြောဖို့ သခင်ကြီးရှန်ပေါ်လာဖို့ပဲလိုတာကြောင့် နဂိုအစီအစဉ်မှာ ရှန်ဖူ့မိဘတွေနဲ့ရှန်ယန်မလိုက်တော့တာဖြစ်သည်။ သို့သော်ငြား လင်ရှုယီရောက်လာပြီးနောက်တွင်တော့ လင်ရှုယီက အပြစ်ကင်းတဲ့သစ်ကြံပိုးဘန်းကိတ်လေးလို့ ရှန်တစ်မိသားစုလုံးတွေးလိုက်ကြသည်။ သူတို့သာ သူ့ကို သေချာလေးမကာကွယ်ရင် သူ အနိုင်ကျင့်ခံရလိမ့်မယ်!
[T/N : cinnamon bun(သစ်ကြံပိုးဘန်းကိတ်)ဆိုတာက အကျင့်ကောင်းမွန်ပြီးနူးညံ့ကြင်နာတဲ့သူကို ရည်ညွှန်းတဲ့ဗန်းစကားပါ။]
ရှန်တစ်မိသားစုလုံး ရှန်ဖူ့ကို လျစ်လျူရှုထားကြသည်။ သူတို့တွေ အဖြစ်သည်းနေကြတာက သူ့ရဲ့သတို့သားလောင်းလေးဆိုပေမယ့်လည်း ဒါက စိတ်ဓာတ်ကျချင်စရာကောင်းနေဆဲဖြစ်သည်။
လင်ရှုယီကလား? ပထမတော့ သူ စိတ်မလှုပ်ရှားပေမယ့် အခု သူတို့အားလုံးလိုက်လာကြမယ်ဆိုတာသိလိုက်တော့...သူ နည်းနည်းပျာယာခတ်သွားခဲ့သည်။
မေမေရှန်ကလည်း သူ့ကို နှစ်သိမ့်ပေးဖို့ကြိုးစားနေသည်။
"စိတ်မပူနဲ့၊ အန်တီတို့အားလုံး သားကိုထောက်ခံဖို့ရှိနေမှာ၊ သားလုပ်နိုင်ပါတယ်...။ အိုး၊ ယောက်ျားရေ၊ ညင်သာစမ်းပါ၊ ရှင် ကျွန်မဆံပင်ကိုဆွဲနေတယ်။"
ဖေဖေရှန့်မျက်နှာထက်တွင်လည်း အနက်ရောင်လိုင်းတွေရှိနေသည်။ သူက သူမကို လည်ဆွဲကူဆွဲပေးဖို့ကြိုးစားနေတာပေမယ့် သူမက လင်ရှုယီဆီကိုရွှေ့လိုက်၊ နောက်ပြန်ဆုတ်လိုက်လုပ်နေ၏။ သူမဆံပင်ငြိသွားတာ မဆန်းတော့ပါချေ။ သူ ဒီသမက်လေးကို အရမ်းကျေနပ်ပါ၏၊ သို့သော်ငြား သူ့ဇနီးကပါ အရမ်းကျေနပ်နေလေရာ နည်းနည်းစိတ်ဓာတ်ကျဖို့ကောင်းနေသည်။

YOU ARE READING
I'm a Chef in the Modern Era [Myanmar Translation]
FantasyName 我在现代做厨子[美食] Wǒ zài xiàndài zuò cr húzi [měishí] Author(s) 桃子苏 (Táozi sū) Translator(s) Exiled Rebels Scanlations Chapter 125chapters(118chapters+7extras) Status in COO Completed Myanmar Translation start date 6.4.2020