Chapter - 116

1K 139 6
                                    

Unicode

၁၁၆။ အကြော်စုံ

နောက်တစ်နာရီအတွင်းမှာ ရှန်ဖူနဲ့ချန်ဖန်းက မင်္ဂလာပွဲနေ့မတိုင်ခင် နှစ်ရက်အလိုနဲ့ မင်္ဂလာပွဲနေ့မှာ သူတို့လုပ်စရာရှိတာတွေကို အသေးစိတ်ဆွေးနွေးကြသည်။ ချန်ဖန်းက သူ့သူငယ်ချင်းကြီးရဲ့မင်္လာပွဲကို အမှန်ပင်မျှော်လင့်နေ၏။ ဒါ့အပြင် ဒါက သသ သတို့သားအရံလုပ်တာ ပထမဆုံးအကြိမ်ပင်။ ဆန်းသစ်မှုနဲ့မျှော်လင့်မှုနှစ်ခုပေါင်းစပ်ထားခြင်းကြောင့် သူ့မင်္ဂလာပွဲထက်ပင်ပိုစိတ်လှုပ်ရှားဖို့ကောင်းနေသေးတော့၏။

ပထမတော့ လင်ရှုယီက ဆိုဖာပေါ်မှာမီထိုင်ရင်း သူတို့နှစ်ယောက်ပြောတာကိုနားထောင်နေတာဖြစ်သည်။ နောက်တော့ သူ တဖြည်းဖြည်းအိပ်ချင်လာကာ မျက်လုံးတွေမှိတ်လာပြီး ငိုက်သွားတော့သည်။ ရှန်ဖူက နောက်နည်းနည်းပြန်ရွှေ့ထိုင်လိုက်ပြီး ချန်ဖန်းနဲ့စကားပြောနေရင်းမှာပင် လင်ရှုယီရဲ့ခေါင်းကို သူ့ပေါင်ပေါ် ပေါ်တင်,တင်လိုက်ကာ လင်ရှုယီ ပိုပြီးသက်တောင့်သက်သာအိပ်နိုင်စေဖို့ ထိုင်ပုံပြောင်းလိုက်၏။

လင်ရှုယီက နည်းနည်းသာလှုပ်ရှားသွားကာ တုန့်ပြန်မှုမရှိဘဲအိပ်ပျော်သွားသည်။

"ညနေပိုင်းမှာ ဧည့်သည်တွေကို နေရာချထားပေးဖို့က..."

ချန်ဖန်းက ရှန်ဖူ့ရဲ့ဧည့်သည်စာရင်းကိုကြည့်ကာ စကားတွေတစ်သီကြီးပြောသွားသည်။ သူမော့ကြည့်မိချိန်မှာ ရှန်ဖူက သူ့ကိုကြည့်မနေတာကို သူသိသွား၏။ အဲ့အစား ရှန်ဖူက သူ့ရင်ခွင်ထဲအိပ်ပျော်နေတဲ့လင်ရှုယီကို နူးညံ့စွာကြည့်နေကာ ချန်ဖန်းရှေ့မှာပင် သူ့နဖူးထက် အနမ်းတစ်ပွင့်ခြွေချသည်။

ချန်ဖန်း : ...

ရှန်ဖူက သူ့ကို လေလိုသဘောထားတယ်ဆိုတာ သူသိပါတယ်၊ ဒါပေမယ် လေမှာလည်း တည်ရှိမှုလေးတော့ရှိပါတယ်နော်၊ ဟုတ်ပြီလား? ငါတို့ စကားကောင်းကောင်းပြောလို့ရမလား?!

ရှန်ဖူကသူ့ကိုကြည့်လာသည်။

"ဆက်ပြောလေ။"

ချန်ဖန်း : မင်းက နားမှထောင်မနေတာ၊ ဘာလို့ပြောရမှာတုန်း? အား။

I'm a Chef in the Modern Era [Myanmar Translation]Tempat cerita menjadi hidup. Temukan sekarang