Chapter - 83

3.6K 651 13
                                    

Unicode

အသီးအရွက်နဲ့ဝက်နံရိုးပေါင်းနှပ်
_____________________

ရက်အနည်းငယ်ကြာသွားပြီးနောက်တွင် အဖိုးအိုယန်က လူတိုင်းကို ညစာစားဖို့ဖိတ်ကာ သူနဲ့ရှောင်ဝမ့်အဖွားတို့ ဘာဖြစ်နေတယ်ဆိုတာကို ရိုးရိုးလေးရှင်းပြသည်။ လူတိုင်းရဲ့အံ့ဩမှုတွေအနည်ထိုင်သွားပြီးနောက်မှာတော့ သူတို့အားလုံးက ဒါဖြစ်သင့်တာပဲလို့တွေးလိုက်ကြ၏၊ အဆုံးသတ်မှာတော့ သူတို့ရဲ့လက်တွဲဖော်တွေဆုံးပါးသွားကြတုန်းက အဖိုးယန်တို့နှစ်ယောက်လုံးက ငယ်ကြသေးသည်လေ။ သူတို့ရဲ့အကျင့်စရိုက်တွေက လုံးဝမတူပေမယ့် သူတို့အတူရှိနေချိန်မှာ သဘောထားကွဲလွဲမှုတွေဖြစ်ခဲလှသည်။ သူတို့တွေအချင်းအချင်း တကယ်သဘောကျလို့ပဲဖြစ်ဖြစ်၊ သူတို့ရဲ့ကျန်နေတဲ့သက်တမ်းမှာ အတူတူကုန်ဆုံးဖို့အဖော်လိုချင်တာပဲဖြစ်ဖြစ် လူတိုင်းက ဒီလိုဖြစ်သွားတာကိုမြင်ရတာပျော်ကြသည်။ သို့သော်ငြား အဖိုးယန်ရဲ့ရှောင်ဝမ့်အဖွားအပေါ်သဘောထားအရ ဒါက သူတို့ရဲ့ကျန်တဲ့နေ့ရက်တွေကိုအတူတူကုန်ဆုံးဖို့ ပေါင်းဖက်ကြတာလောက် ရိုးရှင်းပုံမရပေ။

အဲ့နောက်မှာတော့ လင်ရှုယီနဲ့ရှန်ဖူက အဖိုးအိုယန်ရဲ့ပစ္စည်းတွေကို ရှင်းလင်းဖို့ကူညီပေးပြီး သူ့ကို ရှောင်ဝမ့်အိမ်ပြောင်းပေးကြသည်။

အဖိုးအိုယန်နဲ့ရှောင်ဝမ့်အဖွားအတွက်တော့ ဘာပဲဖြစ်ဖြစ် ရှောင်ဝမ့်မိဘတွေမှာ ဘာငြင်းဆန်စရာမှမရှိချေ။ ရှောင်ဝမ့်အဖွားက ရှောင်ဝမ့်အဖေကို သူမဘာသာသူမ ဘယ်လိုပင်ပင်ပန်းပန်းပျိုးထောင်ခဲ့ရတယ်ဆိုတာကို သူတို့ဇနီးမောင်နှံနှစ်ယောက်လုံး ကောင်းကောင်းကြီးသတိရနေသေးပြီး သူတို့နှစ်ယောက်လုံးကလည်း အပြင်မှာအလုပ်ရှုပ်နေတတ်ကာ ရှောင်ဝမ်ကလည်းကျောင်းသွားတာမို့ သူမရဲ့အဖွားတစ်ယောက်တည်း အိမ်မှာကျန်ခဲ့တတ်သည်။ အခု သူမကိုဂရုစိုက်ဖို့ လူတစ်ယောက်ထပ်တိုးလာပြီမို့ သူတို့ အများကြီးပိုစိတ်သက်သာရာရသွားသည်။ ဒါ့အပြင် ဒီလူက သူစိမ်းလည်းမဟုတ်ပေ။ သူတို့က သူတို့အိမ်နားမှာနှစ်တွေအကြာကြီးနေထိုင်ခဲ့တဲ့အဖိုးအိုယန်ကို သူတို့ဘာအကြောင်းမှမသိတဲ့ကြုံရာလူတစ်ယောက်ထက် အများကြီးပိုကောင်းကောင်းသတ်မှတ်ထားတာ သိသာသည်။

I'm a Chef in the Modern Era [Myanmar Translation]Onde histórias criam vida. Descubra agora