Chapter - 56.1

4.6K 882 34
                                        

Unicode

သိုးသားဖက်ထုပ် - ၁
__________

နောက်ဆုံးတွင်တော့ ရှောင်လျိုသည် တစ်စုံတစ်ရာကို ဆုံးဖြတ်ချက်ချလိုက်တော့၏။ လင်ရှုယီရဲ့အစ်ကိုက သူ့ကိုမုန်းနေတယ်။ အဲ့အမုန်းတရားရဲ့ပြင်းထန်မှုက သူနဲ့လင်ရှုယီကြားက အကွာအဝေးနဲ့ တိုက်ရိုက်သက်ဆိုင်နေတာ။ အဲ့နေ့မှာ သူက လင်ရှုယီနဲ့နီးကပ်နေရင် အဲ့လူရဲ့အမုန်းတရားက ထိပ်ဆုံးရောက်သွားပြီး အဲ့လူက သူ့ကို ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင် အရမ်းကာရောတိုက်ခိုက်လိမ့်မယ်။

ရလဒ်အနေဖြင့် ရှောင်လျို့ပါးထက်မှာ မျက်ရည်စီးကြောင်းကြီးဖြစ်ပါ်လာ၏။ သူ့မှာ အစွဲအလန်းကြီးတဲ့အစ်ကိုရှိနေမယ်လို့ ဘယ်သူသိမှာလဲလို့?!

ဤသို့ဖြင့် နောက်ပိုင်းတွင် လင်ရှုယီ ဤသည်ကိုသိရှိသွားခဲ့၏။

"အခုတလော အဲ့ဗိသုကာပညာရှင်က ကျွန်တော့်ကိုရှောင်နေတာလား?"

ရှန်ဖူက နှုတ်ခမ်းထောင့်စွန်းတို့ကို ကော့တက်သွားစေရင်း လက်ပိုက်လိုက်သည်။

"မဟုတ်လောက်ပါဘူးကွာ။ အခုတလော သူ အလုပ်များနေလို့ဖြစ်ပါလိမ့်မယ်။"

လင်ရှုယီက ရှန်ဖူ့ကို မျက်လုံးထောင့်ကနေကြည့်လိုက်သည်။ ရှန်ဖူက ဒီကိစ္စနဲ့ပတ်သက်နေတယ်လို့ သူအမြဲခံစားနေရသည်။ သို့သော်ငြားလည်း လုပ်ရမှာတွေက ပြီးစီးလုနီးပြီမို့ လင်ရှုယီက ဂရုမစိုက်‌တော့ချေ။ ရှောင်လျိုက သူ့ကို တမင်ရှောင်နေတယ်ဆိုရင်တောင် ကိစ္စမရှိ။

ရှန်ဖူက ပစ္စည်းတွေဝယ်ဖို့တာဝန်ပေးခြင်းခံရသည့်အခါ သူက ဈေးအရမ်းကြီး,ကြီးနေတာမျိုးမဟုတ်ဘဲ လူသိအများဆုံးဖြစ်သည့် တံဆိပ်တွေကိုသာ ဝယ်တတ်သည်။ မည်သို့ဆိုစေ၊ ဒါက တကယ်ပင် ကုန်တဲ့ငွေနဲ့တန်ပေသည်။ ပစ္စည်းတွေအားလုံးကို ဝယ်လာပြီးနောက်နေ့တွင်ပင် ထည့်သွင်းလိုက်ကြသည်။ မီးဖိုခန်းက ပြီးစီးလုပြီဖြစ်ကာ ရှင်းစရာလည်းသိပ်မရှိတော့ပေ။ ထို့အတွက် လင်ရှုယီက ရှန်ဖူ့ကို အလှဆင်ပစ္စည်းတွေဝယ်ဖို့လမ်းသွယ်ကို အတူလိုက်လာပေးဖို့ပြောလိုက်သည်။

I'm a Chef in the Modern Era [Myanmar Translation]Où les histoires vivent. Découvrez maintenant