Chapter - 67

4.2K 790 19
                                    

Unicode

ကော့တေးလ်
_________

ညရောက်ချိန်မှာတော့ သတင်းစာရှင်းလင်းပွဲကသတင်းတွေ ထွက်လာခဲ့ချေပြီ။

သတင်းတွေက ရှန်ဖူ့ရဲ့လိင်စိတ်တိမ်းညွတ်မှုနဲ့ သူနဲ့လင်ရှုယီရဲ့ဆက်ဆံရေးအကြောင်းပြောတာတင်မကသေးဘဲ ဒီကိစ္စအပေါ် ရှန်မိသားစုရဲ့သဘောထားကိုပါပြောထားသည့်အပြင် လင်ရှုယီက သတင်းထောက်အတုနဲ့ဘယ်လိုစကားစစ်ထိုးပြီး အောင်အောင်မြင်မြင်အနိုင်ရသွားတယ်ဆိုတဲ့အကြောင်းကိုပါ အသေးစိတ်ရေးထား၏။

ကင်မရာတွေထဲမှာတော့ လင်ရှုယီက စော်ကားခံရမှုအပေါ် ဒေါသလေးနည်းနည်းတောင်မထွက်ဘဲ တည်ငြိမ်အေးဆေးစွာပြုံးနေခဲ့သည်။ သူက သူ့ကိုယ်သူကောင်းကောင်းထိန်းချုပ်နိုင်ပြီး သတင်းထောက်ကတော့ အစတည်းကမကောင်းတဲ့ရည်ရွယ်ချက်တွေရှိနေဟန်နဲ့ ပေါ်လာခဲ့ပြီး ဖုံးကွယ်ထားတဲ့ရည်ရွယ်ချက်အတွက်လာတာ သိသာနေသည်။

လင်ရှုယီက တစ်ချိန်လုံးစကားတစ်ခွန်းမှမပြောခဲ့တာကြောင့် ကျန်သတင်းထောက်တွေကလည်း တမင်ဟုတ်ဟုတ်မဟုတ်ဟုတ် သူ့ကို မေ့လျော့ထားမိသည်သာဖြစ်၏။ သူ စော်ကားခံရတဲ့အချိန်မှ စကားထပြောကာ ပြန်ချေပခဲ့တာကြောင့် လူတိုင်းရဲ့အမြင်မှာ ချစ်ခင်မှုတွေကို သိမ်းကြုံးရလိုက်သည်။ သူ့ရဲ့ရုပ်ချောချောလေးပါပေါင်းလိုက်သည်၌ ချစ်ခင်တဲ့အမြင်တွေက ပိုလို့ပင်တိုးသွားခဲ့၏။

ဓာတ်ပုံမှာ လင်ရှုယီအပြင် လင်ရှုယီအစော်ကားခံလိုက်ရတာကြောင့် မျက်နှာကြီးမည်းမှောင်နေတဲ့ရှန်ဖူရယ်၊ သူ့ရဲ့ပုံရိပ်နဲ့မကိုက်ညီတဲ့ပုံစံကို ဖော်ပြခဲလှတဲ့အစ်ကိုဖြစ်သူရှန်ယန်ရဲ့အေးစက်စက်မျက်နှာကိုရယ်ပါ ဖော်ပြထားသည်။ လင်ရှုယီနိုင်သွားပြီးနောက် ချစ်စဖွယ်ကောင်းစွာကြောင်အနေခဲ့သည့်မေမေရှန်၊ အချင်းချင်းထိတ်လန့်ကာကြည့်နေကြသည့် ဖေဖေရှန်နဲ့ဖိုးဖိုးရှန်တို့ကိုလည်း ဖော်ပြထား၏။

Netizenတွေရဲ့စာတွေက‌ ဤသို့အဆက်မပြတ်ဆိုနေကြသည်။

[ဒီမိသားစုကတော့ ငါ့ကို ချစ်စရာကောင်းတာနဲ့သတ်နေတော့တာပဲ။]

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now