Chapter - 93

2.8K 510 12
                                    

Unicode

နို့အရသာbaby teether
_____

လူစုံနေကြချိန်မှာ အချိန်က လျင်မြန်လွန်းစွာကုန်ဆုံးသွား၏။

မျက်တောင်တစ်ခတ်အတွင်းမှာပင် တရုတ်နှစ်သစ်ကူးရောက်လာခဲ့ချေပြီ။ သည်လိုအားလပ်ရက်မျိုးနဲ့နီးကပ်လာတာမို့ ရှန်ကော်ပိုရေးရှင်းမှာ အလုပ်တွေများသည်ထက်များလာပြီး ရှန်ယန် ဒါမှမဟုတ် ဖေဖေရှန့်ကိုလိုတဲ့ကိစ္စတွေကလည်း များလာသည်။ သို့ဖြစ်ရကား ရက်နည်းနည်းနေပြီးနောက်မှာတော့ ရှန်ယန်တစ်ယောက် အလုပ်ကိစ္စကြောင့် Hမြို့ကိုပြန်သွားရတော့သည်။ သို့သော်ငြား ရက်နည်းကြာပြီးနောက်မှာ အားလုံးလည်း ပြန်ဖို့ပြင်ဆင်ကြတော့သည်။

မေမေရှန်က ကလေးတွေကိုတကယ်သဘောကျပြီး သူတို့နဲ့နေချင်ပေမယ့်လည်း ကလေးတွေမှာ သူတို့ကိုယ်ပိုင်နေရာလေးရှိဖို့လိုတယ်ဆိုတာလည်း သူမ သိသည်။ သူမတို့ သူတို့ဆီကို ခဏကြာတိုင်းလာနေလို့ရပေမယ့် အလိုက်ကမ်းဆိုးမသိဘဲ အကြာကြီးမနေသင့်ပေ။

နောက်ပြီး သူတို့ကို ကြိုဆိုသည်ဖြစ်စေ၊ မကြိုဆိုသည်ဖြစ်စေ လင်ရှုယီရဲ့အိမ်က လူနည်းနည်းပဲနေမယ်ဆို လုံလောက်တာထက်ပိုပေမယ့် ရှန်တစ်မိသားစုလုံးအတွက်ကျ နည်းနည်းသေးနေသည်။ အိမ်ရှင်အိပ်ခန်းရော၊ ဧည့်သည်အိပ်ခန်းတွေရောမှာနေကြပေမယ့် ကလေးထိန်းအသစ်အတွက် နေရာမရှိပေ။ အဆုံးမှာတော့ သူမက အဖိုးအိုယန်ရဲ့အိမ်မှာသွားနေလေသည်။

အိမ်က ဟောင်းနေတာကို သူမ စိတ်ထဲမထားတာက တော်သေးသည်။ သူမက အရင်ဆုံးနိုးတတ်ပြီး ကလေးတွေအတွက် မနက်စာပြင်ပေးကာ ထောင်ထောင့်ကိုစစ်ဆေးပေးပြီး နောက်ဆုံးမှပြန်တတ်သည်။

ရှောင်ယွီက မေမေရှန်နဲ့ဖေဖေရှန်တို့ပြန်မှာဖြစ်တဲ့အတွက် တကယ်ဝမ်းနည်းနေပြီး သူတို့မပြန်ခင်မှာ သူတို့ကိုဖက်ကာ တစ်ယောက်ချင်းစီရဲ့ပါးကိုနမ်းသည်။ ထို့နောက် သူက တုန့်ဆိုင်းစွာဖြင့် လက်ပြနှုတ်ဆက်၏။ ပေါက်စီလေးထောင်ထောင်ကတော့ လင်ရှုယီရဲ့ရင်ခွင်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်။ တစ်ခါလေးအိပ်လိုက်တာမှာ ဖိုးဖိုးရှန်နဲ့ဖွားဖွားရှန်တို့ပြန်ပြီဆိုတာကိုတောင် သူမသိလိုက်ပေ။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now