EIUJNM:Chapter(2)Friends never kiss each other
ကျလာတဲ့မျက်ရည်ကိုသုတ် နှာရှုံ့ရင်းကိုယ့်ကိုကိုယ်အားမလိုအားမရအံကြိတ်မိတယ်။သူ့ကျမှဘာလို့ဒီလိုတွေလာဖြစ်နေတာပါလိမ့်။သွားနာလောက်တဲ့ထိအံကြိတ်ရင်း ကားဒက်ရှ်ဘုတ်ပေါ်ကသူနဲ့မျိုးမစစ်Adamရဲ့ဓာတ်ပုံကိုမျက်စိရောက်သွားတော့ဒေါသထွက်လာပြန်ရော။ဓာတ်ပုံထဲမှာတော့ သူတို့နှစ်ယောက်ရယ်နေကြတာကြည့်လို့ကောင်းသား!ခုတော့ အကွဲကွဲအပြဲပြဲပဲ...
အဒမ်ကချောတယ်...တကယ်တော့ချောတာအပြင် ဆွဲဆောင်မှုရှိတာတွေCharmingဖြစ်တာတွေ အကုန်လုံးက အဒမ့်ဆီမှာအကုန်ရှိတယ်။အဘိုး(အဖိုးရဲ့အဖေ)ရဲ့ Geneကသူ့ကျမှအကုန်ပြန်ပါပြီး အာရှနဲ့အနောက်တိုင်းပေါင်းစပ်ထားတဲ့သွင်ပြင်က သူ့ကိုအပြစ်ပြောစရာမရှိအောင်ခန့်ငြားချောမွေ့နေစေတယ်။အဲ့ဒါကြောင့် သူ့ကိုမျိုးမစစ်လို့ဆဲရင်အဲ့မျိုးမစစ်ကဘယ်တော့မှစိတ်မဆိုးဘူး။တကယ်လဲမျိုးမှမစစ်တာတဲ့!ဘာပဲဖြစ်ဖြစ်မျိုးမစစ်သူ့ကိုဆို မိန်းကလေးရောယောကျ်ားလေးရောအကုန်ကြွေကြတာချည်းပဲ။
ဒါပေမယ့်အဒမ်က Gay...အသေအချာကိုCome outလုပ်ထားတာ။အဲ့တော့ သူ့ရည်းစားတွေကလဲယောကျ်ားလေးတွေချည်းပဲ။သူGayတယ်ဆိုတာကို တစ်ကျောင်းလုံးသိသလို တစ်နိုင်ငံလုံးလဲသိတယ်။သူကဘာမဆို လုပ်ချင်ရာလုပ်တတ်တဲ့လူမို့ရည်းစားထားတာလဲ ပွင့်ပွင့်လင်းလင်း...
ကျွန်တော် သူ့ကိုအားကျမိသား...သူ့ရည်းစားတွေကများလွန်းလို့ ကျွန်တော်ဖြင့် ဘယ်နှစ်ယောက်မှန်းကိုမသိတော့ဘူး။ဒေါင်းတိမောင်းတိတွေပါသလို ချစ်စရာကောင်လေးတွေလဲမနည်းမနော...ကိုတည်ငြိမ်ဦးက သူတို့မေဂျာကို နောက်ဆုံးနှစ်မှပြောင်းလာတဲ့ ဆရာ...ထူးဆန်းတာကကိုတည်ငြိမ်ဦးနဲ့ကြိုက်ပြီးနောက်ပိုင်း ဘယ်သူနဲ့မှရှုပ်ရှုပ်ယှက်ယှက်မလုပ်တော့ဘဲ တည်ငြိမ်သွားတော့တာပဲ။ကျွန်တော်ဝမ်းသာရပါတယ်။
အဲ့တုန်းကAddamကထူးထူးဆန်းဆန်း စကားပြောသေးတယ်။"မင်း ကိုတည်ငြိမ်ဦးကိုဘယ်လိုထင်လဲတဲ့"
ကျွန်တော်ကဘယ်လိုထင်ရမှာလဲ...အဒမ့်ရည်းစားကျောင်းဆရာပဲပေါ့...
YOU ARE READING
ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]