EIUJNM:Chapter(1)Love is selfless.Attachment is selfcentered but both hurt.
သူနဲ့ကျွန်တော်သူငယ်ချင်းဖြစ်ခဲ့တာ တော်တော်လေးကြာခဲ့ပြီ။အတူစားအတူသွား အတူကစားခဲ့ပြီး အချို့သူငယ်ချင်းအချင်းချင်းမလုပ်လောက်မဲ့အရာအချို့ကိုလဲ ကျွန်တော်တို့လုပ်ခဲ့ဖူးတယ်။ကျွန်တော်တို့နှစ်ယောက်ကြားမှာ မဟုတ်သေးဘူး!တိတိကျကျပြောရရင်တော့ ကျွန်တော့်အတွက်က ပြီးခဲ့တဲ့နှစ်တွေမှာ အချစ်ထက်အရင် သံယောဇဥ်ကအရင်တွယ်နှင့်နေခဲ့တယ်။
လူဆိုတဲ့သတ္တဝါမျိုးစိတ်က ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ့်ဒုက္ခကိုယ်ရှာတဲ့နေရာမှာအတော်ဆုံးတွေမလား။
ဥပမာ ကျွန်တော်ပေါ့...
သံယောဇဥ်ဆိုတာ အစမှာတော့ ပင့်ကူမျှင်လေးလိုပဲ...ဒါပေမယ့်ကြာလာရင်တော့ ခိုင်ခံ့လွန်းတဲ့သံကြိုးတွေဖြစ်သွားတယ်လို့ ပြောကြတယ်။အချို့ကတော့ သံယောဇဥ်ကတစ်ကိုယ်ကောင်းဆန်ပြီးအချစ်ကတော့အတ္တမဆန်ဘူးတဲ့။
အမျိုးမျိုးတွေ...
ကျွန်တော့်ကိုယ်တွေ့အရ သေချာတာတော့ သံယောဇဥ်ဖြစ်ဖြစ် အချစ်ဖြစ်ဖြစ် နာကျင်ရတာချင်းအတူတူပဲ!ဘယ်ဟာမှထူးပြီးကောင်းနေတာမရှိဘူး။
အစကတော့ အိအိထွေးထွေးအမျှင်လေးတွေကြားထဲမှာမတော်တဆလိုလို တမင်လိုလိုနဲ့ငြိတွယ်နေခဲ့တာ...သတိထားမိတဲ့အချိန်မှာ နှလုံးသားရော စိတ်ဝိဉာဥ်ရောကသံကြိုးနဲ့အချည်ခံထားနေရပြီ။ဘယ်သူကဘယ်သူ့ကိုချည်လိုက်လဲမသိပေမယ့်ရုန်းထွက်ဖို့ကျလဲနာတယ်...ဆက်ပြီးအချည်ခံဖို့ကျလဲတင်းကျပ်ပြီး အသက်တောင်ဝအောင်မရှုရသလိုပဲ။
ကျွန်တော်ဘယ်လိုလုပ်သင့်လဲ...
•
•
•
သူဒီကော်ဖီဆိုင်ကိုရောက်နေတာ တစ်နာရီလောက်ရှိနေပြီ။တစ်နာရီဆိုတဲ့အချိန်က မိနစ်နဲ့ဆို ၆၀ မိနစ် စက္ကန့်နဲ့ ၃၆၀၀ စက္ကန့်ရှိတယ်။၃၆၀၀ စက္ကန့်လုံးစောင့်နေပေမယ့် စိတ်ထဲမှာ ဘယ်လိုမှမခံစားရဘူး။စောင့်နေရတာ အကျင့်ပါနေလို့လေ...
လူတစ်ယောက်စနှစ်ယောက်စပဲရှိပြီးရှင်းနေတဲ့ကော်ဖီဆိုင်က အေးစက်စက်ရသမျိုးခံစားရတယ်။အဲကွန်းကြောင့်လား စိုးရိမ်စိတ်ကြောင့်လား မသိဘဲအေးစက်နေတဲ့လက်ချောင်းအချင်းချင်းကို ယှက်သွယ်ဆုပ်ကိုင်ရင်း စိတ်တွေကလဲတောင်စဥ်ရေမရဘူး။
YOU ARE READING
ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]
![ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]](https://img.wattpad.com/cover/294505431-64-k170337.jpg)