Chapter(19)

3.3K 248 1
                                        

EIUJNM:Chapter(19)သိတယ်လေ..အမေမို့မဖြစ်မနေစကားပြောနေတာပေါ့

နေနုအေးရဲ့တိုက်ခန်းကနေ ကားဆီကိုသွားနေတဲ့တစ်လျှောက်လုံး မိုနီကာကို ဝိုင်စိတ်တိုနေမိတယ်။မိုနီကာက သူ့ကိုကျင်းကြီးကြီးနဲ့ကျယ်ကျယ်တူးပေးသွားပြီး သူ့အစ်မနဲ့လဲ ဖက်လှဲတကင်းအထာတွေလုပ်နေသေးတယ်။အဒမ့်စကားကိုနားထောင်ပြီး သူတစ်ယောက်ထဲဘားကိုသွားလိုက်ရင်တောင် သူထိတ်လန့်သည်းဖိုဇာတ်ကားရိုက်ရမှာမဟုတ်ဘူး။

"သျှေး.."

"ဘာလဲ!"ဝိုင်လေသံပြင်းပြင်းနဲ့ထူးလိုက်တယ်။

"လေသံလေးလျှော့ပါဦး ငါနင့်အစ်မကိုဘာမှမလုပ်ပါဘူး"

"အဲ့ဒါကြောင့်မဟုတ်ဘူး"

"အမ်..အဲ့ဒါဆိုဘာလို့ လေသံပြင်းပြင်းကြီးနဲ့စကားပြောနေတာလဲ"

မိုနီကာရဲ့အသံက ပီပိကလေးငယ်လိုမျိုး..ဖြူဖြူစင်စင်။လုပ်ပြီးမှမသိပါဘူး ဆိုတဲ့စတိုင်မျိုး..
"နင်ခုမှမမှတ်မိဘူးလုပ်နေတာ.."

"ငါတကယ်မမှတ်မိတာ ငါဘာလုပ်မိလို့လဲ"

မိုနီကာ့ကို ကားမောင်းနေရင်းရိုက်ပစ်လိုက်ချင်စိတ်ကိုမနည်းကြီးကိုထိန်းထားရတယ်။ရပါတယ် မမှတ်မိတော့လဲ သူကပြန်ပြောပြပေးရမှာပေါ့..

အကြောင်းစုံကို ပြန်ပြောပြလိုက်တော့ မိုနီကာက သူ့ကိုမျက်နှာငယ်လေးနဲ့ကြည့်လာတယ်။
"ငါအဲ့လိုပြောလိုက်မိတာလား.."

"အေး မဟုတ်ရင်ငါကလီဆယ်ပြီးပြောနေတယ်ထင်နေတာလား"

"မဟုတ်ပါဘူးဟာ သျှေးကလဲ"

"အဲ့တော့ သူသိသွားလား"

"မသိသွားဘူး ကိုတည်ငြိမ်ဦး ဖုန်းခေါ်လိုက်လို့"

"ဟုတ်လား...နေပါဦး သျှေး!အဒမ်သိသွားတော့ဘာဖြစ်လဲ"

မိုနီကာ အားမလိုအားမရပြောလိုက်မိတော့ သျှေးက နှုတ်ခမ်းကိုတင်းတင်းစေ့ပြီးဘာမှမပြောလာဘူး။
ဒီသျှေးဝိုင်ဆိုတဲ့တစ်ယောက်ကိုတော့ မိုနီကာနားကိုမလည်တော့ဘူး။ဖွင့်ပြောဖို့ကို ဘာလို့ဒီလောက်တောင်ကြောက်နေရတာလဲ..တကယ်ဆို သျှေးအနေနဲ့ကဖွင့်ပြောလိုက်ရင်တောင် အဆင်ပြေလောက်မယ်လို့ပဲ သူထင်နေတယ်။အဒမ်လင်းညိုကလဲ သျှေးအပေါ်မှာခံစားချက်အချို့ရှိနေတယ်လို့လဲ သူမြင်နေရတယ်။ဒါပေမဲ့သျှေးကတော့ ဖွင့်ပြောဖို့ကိုဘာလို့ဒီလောက်ကြောက်နေရလဲမသိဘူး။

ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]Where stories live. Discover now