EIUJNM:Chapter(14)"ပါး လိုချင်တဲ့အမွေဆက်ခံသူ ကျွန်တော်ဖန်တီးပေးလို့မရဘူး"
အသဲကွဲသမား၂ယောက်ရဲ့ အဆွေးနေ့ရက်တွေက ကြာကြာဆွေးခန်းမရှိလိုက်ဘူး။အဆွေးmoodကို ခဏOffပြီးပုံမှန်နေရသေးတယ်။နောက်ဆုံးနှစ်ဆိုတာက စိတ်အဖိစီးရဆုံး အတန်းလဲဟုတ်သလို အလုပ်လဲအများဆုံးပဲ။သူတို့ဘယ်လောက်ထိပဲ အသဲကွဲကွဲ အစိတ်စိတ်အမွှာမွှာဖြစ်နေခဲ့ရင်တောင် တိပ်နဲ့ပြန်ကပ်ပြီး အလုပ်လုပ်ရမှာပဲ။သူတို့နှစ်ယောက်က အသဲကွဲတာနဲ့ကျောင်းပြီးတာဆို ကျောင်းပြီးတာကိုပဲရွေးမှာ...ကျောင်းပြီးမှစိတ်လွတ်ကိုယ်လွတ်ဆက်ကွဲမယ်လေ။
ကျောင်းပြီးခါနီးလို့အလုပ်တွေများလာလေလေ သူ မေဂျာ ၂ခုယူမိတာကိုနောင်တရလာလေလေပဲ။တစ်ခုက သင်တန်းသဘောလောက်ဆိုပေမယ့် အလုပ်သင်ကတော့ဆင်းရဦးမှာ...အလုပ်သင်ဆင်းရင် အဒမ်နဲ့အတူတူမဆင်းရဖို့မျှော်လင့်မိတယ်။ခပ်ခွာခွာနေ ရင်းကိုယ့်ခံစားချက်တွေကိုကိုယ်ထိန်းသိမ်းဖို့ စဥ်းစားထားတယ်။
အခုလဲ HM classကိုပြေးနေတာ တစ်ပါတ်ရှိပြီ။အစတုန်းကတော့ အဒမ်ဖုန်းဆက်ခေါ်ရင် သွားတက်ဦးမလို့ပဲ...ငနာလေးကလဲပြတ်တယ်..လုံးဝမခေါ်ဘူး။ဒီအပါတ်တော့သွားတက်မှဖြစ်တော့မှာ။
သူHM အတန်းထဲကိုဝင်လာတော့ သာမာန်လူတွေဘယ်သူမှမရောက်ကြသေးဘူး။သာမာန်လူလို့ပြောရတာက စာဂျပိုးသုံးလေးယောက်ကရောက်နှင့်နေပြီ။ဘယ်နေရာမှာမဆို စာဂျပိုးလုပ်ချင်တဲ့ လူဆိုတာရှိတယ်။HMမှာတောင်ရှိနေသေးတယ်။
သူ့ကိုမျက်မှန်ပင့်ကာပင့်ကာနဲ့ လှမ်းကြည့်နေတဲ့ စာဂျပိုးအုပ်စုကို သူလဲမျက်မှန်ပင့်ကာပင့်ကာနဲ့ပဲ နှုတ်ဆက်ရင်း ချောင်တစ်ချောင်ထဲတိုးဝင်လိုက်တယ်။စာသင်တဲ့သီရေတာရဲ့နောက်ဆုံး ထောင့်မှာလူမသိသူမသိဝင်ထိုင်ရင်း တစ်နေ့တာကုန်ဆုံးဖို့က သူ့အစီအစဥ်ပဲ။
ဘယ်သူမှမရောက်သေးတာမို့ Stkech တွေပြန်ဆွဲနေတုန်း သူ့ဘေးမှာလူတစ်ယောက်ဝင်ထိုင်လိုက်တာကိုမျက်လုံးထောင့်ကနေမြင်လိုက်ရတယ်။ဘေးကလူကတော့တိတ်တိတ်ဆိတ်ဆိတ်ပဲထိုင်နေတာမို့ သူကြိတ်ကျေးဇူးတင်ရသေးတယ်။ဒါပေမဲ့ သိပ်မကြာလိုက်ပါဘူး...လက်သည်းတွေကိုတိတိရိရိဖြတ်ထားပြီး ဖြူဝင်းရှည်သွယ်တဲ့ လက်ဝါးတစ်ခုက သူ့ရဲ့ပုံကြမ်းစာအုပ်ကိုဖုံးအုပ်လာပြီးတစ်ဆက်ထဲမှာပဲ စကားသံပါထွက်လာတယ်။
"အလေလိုက်လို့ပြီးသွားပြီလား"
YOU ARE READING
ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]