EIUJNM:Chapter(18)သူ့ကိုတကယ်ကြီးလက်ပေးကိုင်ခဲ့တယ်ပေါ့!
ရုတ်တရက်ဆိုသလို အဒမ့်ဆီကရယ်သံတိတ်ကျသွားသလို မိုနီကာ့ဆီက အသံတွေလဲရပ်တန့်သွားတယ်။ပတ်ဝန်းကျင်တစ်ခုလုံးက အပ်ကျသံကိုတောင် ကြားရလောက်တဲ့အထိတိတ်ဆိတ်သွားပြီး သူ့နှလုံးခုန်သံကိုတောင်သူကျယ်ကျယ်လောင်လောင်ပြန်ကြားနေရတယ်။
"အဒမ်..ငါ.."
"Hello..ကိုကို" အဒမ်က သူ့ကိုခဏ ဆိုတဲ့သဘောနဲ့ လက်ပြခဲ့ပြီး ခပ်လှမ်းလှမ်းကိုထွက်သွားပြီးဖုန်းပြောနေတယ်။
သူကတော့ အတွေးတွေများပြီကျန်ခဲ့ရတယ်။အဒမ်ကြားသွားလောက်လား?!မိုနီကာ့အသံက သေချာကြားရလောက်တဲ့အထိ ရှင်းလင်းမနေလောက်ဘူးမလား။အဒမ်ဖုန်းပြောနေတုန်း ဒီတိုင်းထွက်ပြေးသွားရင်ကောင်းမလား...မိုနီကာလဲမိုနီကာပဲအဲ့လောက်ထိအာလေးလျှာလေးဖြစ်နေတာတောင် သူ့ကိုကျင်းတူးပေးသွားသေးတယ်။
ဝိုင် ကားတံခါးကိုခပ်တင်းတင်းဆုပ်ကိုင်ရင်း အသက်ရှုအောင့်ထားမိတယ်။သူသာကားကိုမှီတွယ်မထားဘူးဆို ဒူးညွှတ်ကျသွားလောက်ပြီလို့သူထင်တယ်။
ခဏလေးလောက်ကြာတော့ အဒမ်ကဖုန်းပြောပြီး ပြန်လာတယ်။
"မင်း ခုနကငါ့ကိုဘာပြောမလို့လဲ"
"ဟမ်..ငါ.."
"အင်း..ဘာလဲ"
"မင်းကြားလိုက်တာက.."
"အင်း"
အဒမ်က အေးအေးသက်သာ စကားထောက်နေပေမဲ့ ဝိုင်စကားကို ချောချောမွတ်မွတ်ပြောမထွက်နိုင်ဖြစ်နေရတယ်။
"မင်းကြားလိုက်တာက ကွာ.."
"ကျစ်!ဘာတွေထစ်အထစ်အဖြစ်နေတာလဲ မိုနီကာအိပ်ပျော်သွားလို့ မင်းကသူ့အစားဆက်မူးပေးနေတာလား..ပြီးတော့ ငါခုနကတည်းကဘာမှမကြားလိုက်တာ မင်းတို့ငါ့ကိုဘာပြောမလို့လဲ"
"ဟင် တကယ်!!" ဝိုင့်စိတ်ထဲမှာပျော်လွန်းလို့ ပန်းတွေပွင့်နေသလို နွေဦးရာသီလေးကို ပင်လယ်မှာဖြတ်သန်းနေရသလိုကိုခံစားနေရတယ်။အဒမ်က သူ့ကိုရူးတူးတူးနဲ့ဆိုတဲ့အကြည့်နဲ့ ပြန်ကြည့်ရင်း ခေါင်းညိတ်တယ်။
YOU ARE READING
ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]
![ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]](https://img.wattpad.com/cover/294505431-64-k170337.jpg)