EIUJNM:Chapter(34)သူငယ်ချင်းတွေကအချင်းချင်းမနမ်းကြဘူး...
ဖွင့်ပြောဖူးကြလား?ဘယ်လိုခံစားရလဲ?
လောကမှာချစ်နေရဲ့သားနဲ့ ဖွင့်မပြောလို့ ချသ်သူကိုလက်လွှတ်လိုက်ရတဲ့သူတွေအများကြီးရှိလိမ့်မယ်လို့ သူယုံတယ်။
"ချစ်သူကိုတောင်ချစ်တယ်လို့...ဖွင့်မပြောရဲတဲ့ကောင်
ရာစုနှစ်တစ်ထောင်ကျန်ရစ်ခဲ့..
ဤသို့ဖြင့်စကားမဲ့စေသတည်း..."ဆိုပြီးတာရာမင်းဝေကမီးတောက်ရသမ် ကဗျာထဲမှာရေးခဲ့တယ်။တကယ်ပါ...ကဗျာထဲကလူကသူ့လိုလူလိုပဲဖြစ်နေမလား..ရာစုများစွာ ကျန်ခဲ့ရင်ကျန်ခဲ့ပါစေ စကားမဲ့ချင်မဲ့ပါစေ ကိုယ်ချစ်တဲ့လူကိုဖွင့်မပြောရဲခဲ့ဘူး။
အကြောင်းပြချက်မျိုးစုံနဲ့ကြောက်တယ်..လက်ရှိအခြေအနေပြောင်းသွားမှာကြောက်တယ်၊စိတ်ဆိုးမှာကြောက်တယ်၊မတွေ့ရတော့မှာကြောက်တယ်၊လက်မခံမှာကြောက်တယ်၊ပြန်မချစ်မှာကြောက်တယ်...သူအဲ့ဒီ့အကြောက်တရားတွေကို ရင်ဆိုင်ရဲပါ့မလားဆိုတာလဲမသေချာဘူး။ဒါပေမဲ့ အကြောက်တရားကိုရင်မဆိုင်မချင်း အကြောက်တရားကဖိနှိပ်တာကိုခံနေရမှာပဲ...သူမနေချင်တော့ဘူး မုန်းလာပြီ။
"ကျစ်!"
အခုတလော ပြက္ခဒိန်တွေကErrorတက်နေသလားမသိဘူး...သူကြည့်လိုက်တိုင်း ပြဿဒါး...ပြဿဒါးလဲကောင်းပါတယ်...အခုတော့ဖွင့်ပြောဖို့နေနေသာသာ အဒမ်နဲ့သူစကားများထားတာသိပ်မကြာသေးဘူး။ခုရက်တွေကြားထဲမှာ အဒမ်နဲ့လဲသိပ်မတွေ့ဖြစ်ဘူး...သူ့ရဲ့အလုပ်ကိစ္စအကြောင်းလဲမပြောပြရသေးဘူး။တွေ့ရင်လဲ ခန့်ဇာနည် ကိစ္စနဲ့ပဲ ရန်ဖြစ်နေကြတာ...ရယ်စရာကြီးမလား?သူနဲ့အဒမ်က ခန့်ဇာနည်ကြောင့်ရန်ဖြစ်တယ်ဆိုတာလေ..ခန့်ဇာနည်က သူ့ရဲ့ရည်းစားဟောင်း..အဒမ်နဲ့သူက သတောညီချက်ဆက်ဆံရေးနဲ့ လူ...အဒမ်က ခန့်ဇာနည်နဲ့ပတ်သတ်ပြီး သူ့ကိုစိတ်ဆိုးဒေါသထွက်စရာအကြောင်းမရှိဘူး။
အခုလောလောဆယ်အခြေအနေက သူကလဲ အလုပ်သဘောအရရော မိတ်ဆွေသဘောအရရော ခန့်ဇာနည်နဲ့တွေ့ဖြစ်တဲ့အချိန်တွေရှိတယ်။ကိုခန့်ကလဲ သူတို့တွေ့တိုင်းဓာတ်ပုံရိုက်ပြီး Social Mediaပေါ်Shareတယ်..အဲ့မှာ ရလာဒ်က အဒမ်လင်းညိုကြီးက ဘာမဆိုင်ညာမဆိုင်သူ့ကိုဒေါသထွက်တာပဲ!
YOU ARE READING
ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]