Chapter (9)

3.3K 274 4
                                    

EIUJNM:Chapter (9)"ငါမင်းအမြင်မှာမိုက်နေချင်လို့"

ပြဿနာကို ကိုယ်ကမရှာရင် ပြဿနာက ကိုယ့်ကိုလာရှာတယ်ဆိုတာတကယ်ကို အမှန်တရားပဲ...

Barမှာဖြစ်ခဲ့တဲ့ကိစ္စက  ရဲစခန်းမှာတင်မပြီးဘဲ ကျောင်းထိပါလိုက်လာတယ်လေ။ကျောင်းဆိုတာထက် သူတို့Basketballအသင်းကိုလိုက်လာတယ်ဆိုပိုမှန်မယ်။သူ့ရဲ့ရည်းစားဦးလေးက သူ့ကိုအမှန်တကယ် တွဲတာမဟုတ်ရင်တောင်မှ ယောကျ်ားလေးအချင်းချင်းဘော်ဒါအကန့်လောက်တော့ရှိမယ်ထင်ထားတာ။ဘယ်ဟုတ်မလဲ...ခွေးသူတောင်းစားလေးက တကယ့်ကိုအောက်တန်းစားလေး...ရှင်းသန့်နဲ့သူတွဲခဲ့တဲ့တစ်လကျော်ကျော်လေးက သူ့ကိုရည်းစားတောင်ထပ်ထားချင်စိတ်ပျောက်သွားစေတာအမှန်ပဲ...

သူ့ရဲ့ပထမဆုံးရည်းစားက သူ့အပေါ်ဒီလိုလုပ်ရက်တာဆိုတော့ စိတ်ဒဏ်ရာတောင် ရလုရခင်ပဲ...

ရှင်းသန့်ရဲ့လုပ်ရပ်က အလုပ်ဖြစ်သွားမသွားကတော့ သူတို့Basketballအသင်းကကောင်တွေကိုကြည့်ရုံနဲ့တင်သူသိလိုက်ပြီ။နဂိုဖက်လှဲတကင်းရှိခဲ့တဲ့ကောင်တွေကလဲ ခုတော့ခပ်ရှောင်ရှောင်နဲ့...သူစိတ်ပျက်ရုံအပြင်ဘာမှလုပ်လို့မရဘူး။

အခုလဲ Lockerခန်းထဲအရောက် သူ့ကိုစိန်းစိန်းကြီးတွေစိုက်ကြည့်လိုက်တာ သူတောင်ကြုံ့ဝင်ချင်သလိုလိုဖြစ်လာတယ်။တစ်ယောက် နှစ်ယောက်က ချွတ်လက်စ အင်္ကျီကိုတောင် ကပျာကယာပြန်ဆွဲချလိုက်သေးတယ်။ဟမ့်!သူတို့Bodyကတော်တော်ကလေး လှနေတာဆိုတော့...အလကားပြတောင်မကြည့်ချင်ပါဘူး။

အစကတည်းကမှ မျိုးစေ့မမှန် ပင်မသန်ခဲ့တဲ့ကောင်တွေဆိုတော့ ပိုက်ဆံချမ်းသာလို့ Private Universityမှာလာတက်နေပေမယ့် သူတို့ပတ်ဝန်းကျင်ရဲ့ရှေးရိုးစွဲရိုက်ခတ်မှုဒဏ်တွေခံနေရတုန်း။သူပြောချင်တာကတော့ Gay ကလဲလူပဲ...သူ့ရဲ့လိင်စိတ်တိမ်းညွှတ်မှုအရ လိင်ကွဲမကြိုက်ဘဲ လိင်တူကြိုက်တယ်ဒါပဲ...တကယ်ကိုအဲ့ဒါပဲ...

Gayကလဲလူသားတစ်ယောက်မို့ သူ့မှာလူသာမာန်လိုပဲ စဥ်းစားတတ်တဲ့ဦးနှောက်ရှိတယ်...ခံစားတတ်တဲ့နှလုံးသားရှိတယ်။သူတို့ကြိုက်တဲ့လူဆို ရင်ခုန်မယ်...ကြိုက်မယ်...ချစ်မယ်...အဆုံးစွန်ဆုံးလိင်ဆက်ဆံမယ်။လုပ်တဲ့အဆင့်တွေအကုန်အတူတူပဲ...ဒါပေမဲ့ အချို့လူတွေက မိန်းမလျာ၊Gay ဆိုတာနဲ့ တွေ့တဲ့ကောင် -င်ချ..-င်ခံတဲ့ကောင်လို့ထင်နေကြလဲမသိဘူး။တော်တော်စိတ်ပျက်ဖို့ကောင်းတာပါပဲ။

ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]Where stories live. Discover now