Chapter (17)

3.5K 253 9
                                        

EIUJNM:Chapter(17)မိန်းကလေးတစ်ယောက်ကဘယ်လောက်မူးနိုင်မှာမို့လို့လဲ!?

ပါးစောင်ကိုလျှာနဲ့ထိုးပြီးလူမိုက်ဆန်ဆန်မျက်လုံးအစုံကိုတမင်မှေးကျဥ်းကြည့်နေတဲ့ အဒမ့်ကို ဝိုင် သွားဖြဲပြလိုက်တယ်။အဒမ်က နှုတ်ခမ်းကိုမဲ့ရင်း...

"သွားလာဖြဲပြမနေနဲ့ ငါနွားပွဲစားမဟုတ်ဘူး"

အဒမ့်ရဲ့ပြင်းထန်တဲ့စကားကြောင့် ဝိုင့်စိတ်ထဲထိရှသွားရတယ်။
အဒမ်က မိုနီကာကို အလိုမကျစွာနဲ့ ဝေ့ကြည့်ရင်း"မင်းလဲငါ့စကားကိုအသေနားထောင်တာနော်"

ဝိုင်မချိသွားဖြဲလေးရယ်ပြရင်း ဖားဖို့တွေးလိုက်တယ်။
"အဲ့ဲဒါက..."

ဝိုင့်စကားမဆုံးသေးခင် မိုနီကာက လက်ကြီးတစ်ရမ်းရမ်းနဲ့ သူ့ရှေ့ဝင်ရပ်ပြီး အဒမ်နဲ့ မျက်နှာချင်းဆိုင်လိုက်တယ်။သူသဘောတကျနဲ့ ပြုံးလိုက်မိရင်း နောက်ကိုအလိုက်တသိနောက်ကိုဆုတ်ပေးလိုက်တယ်။သူသာ အဖြောင့်တစ်ယောက်ဆို မိုနီကာကိုရအောင်လိုက်မိလိမ့်မယ်။တယ်လဲအားကိုးရတဲ့ ကလေးမပဲလေ...

"ဖယ်စမ်း သျှေး...ငါလိုက်လာတော့ဘာဖြစ်လဲ...ဘာလဲ!နင့်ဘားက ငါ့ကိုဘလက်လစ် သွင်းထားတာလား"

အဒမ်က သူ့ထက်၈လက်မလောက်ပုတဲ့ ကောင်မလေးသေးသေးလေးကို နှာခေါင်းရှုံ့ပြီးငုံ့ကြည့်လိုက်တယ်။ပြီးတော့ ကောင်မသေးသေးလေးမကြိုက်ဆုံးတစ်ခုကိုလဲထည့်ပြောလိုက်သေးတယ်။

"မေပျိုခင်...ဒီပုံအတိုင်းဆိုနင့်ကိုငါသိပ်မကြာခင်မှာ Blacklistသွင်းမိတော့မှာ"

"ဘာ!!"

မိုနီကာ အရမ်းကိုလန့်သွားရတယ်။လန့်သွားရတဲ့အကြောင်းကလဲ အဒမ်လင်းညိုရဲ့Bar​ဝင်ခွင့်ကြောင့်မဟုတ်ဘဲ အဲ့မျိုးမစစ်ရဲ့ပါးစပ်ကနေ သူ့ရဲ့နာမည်ကြီးထွက်လာလို့ပဲ။ သူ့ရဲ့အင်မတန်မိန်းကလေးဆန်တဲ့နာမည်ကိုကြားလိုက်ရတော့ မိုနီကာတစ်ယောက် ပါးတွေဘာတွေဖောင်းတက်လာပြီး တရှုးရှုးတရှဲရှဲထဖြစ်တော့တယ်။မိုနီကာ ကသူ့ရဲ့ကျောင်းနာမည်(မြန်မာနာမည်)ကို တော်တော်လေးမုန်းတယ်။မုန်းရတဲ့အကြောင်းအရင်းကလဲ နာမည်က နုနယ်ငယ်သွေး ဖြစ်ပြီးမိန်းကလေးဆန်လွန်းလို့ပဲ။သူ့ကို သူ့အဘွားနာမည် မအေးရင်လို့မှည့်ရင်တောင် ခရှက်ရဲ့နာမည်နဲ့တူတာပါလို့သူကြိုက်ဦးမယ်။

ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]Where stories live. Discover now