[အသက်မပြည့်သောသူများအတွက် မသင့်တော်သောအသုံးအနှုန်းများပါရှိပါသည်။]
EIUJNM:Chapter(45)လက်ဆောင်ကိုအသုံးချ!
"ကိုယ်ရှေ့ဆက်လို့ရမလား...ဘေဘီ"
အဒမ့်အသံက သူ့နားထဲက အက်ခိုးရိုက်သံလိုမျိုး ထပ်တလဲလဲအသွင်နဲ့ဝင်လာတယ်။သူဘယ်လိုပြန်ဖြေရမလဲ...သူ့ကိုခြေမခိုင်လောက်တဲ့အထိအနမ်းနဲ့ပြုစားပြီးမှ ရှေ့ဆက်လို့ရမလားခွင့်တောင်းနေတဲ့ မကောင်းတဲ့အကောင်ကို သူဘယ်လိုလုပ်သင့်လဲ...
ဝိုင်မောဟိုက်စွာပင့်သက်ရှိုက်ကာ လျှာကိုသပ်လိုက်ရင်း.."မင်း ဘာလို့ငါ့ကိုခွင့်တောင်းနေတာလဲ"
"ငါတို့ရှေ့ဆက်ဖို့ မင်းရဲ့ခွင့်ပြုချက်လိုလို့လေ...မင်းခွင့်မပြုမချင်း ငါရှေ့ဆက်မတိုးပါဘူး"
ဝိုင် ရယ်လိုက်မိပြီးလျှာကိုပါးစောင်နဲ့ထိုးကာ ခေါင်းကိုနံရံမှာ မှီချလိုက်တယ်။
"မင်း တကယ်ကြီးလား""တကယ်ကြီးပေါ့..."
"မင်း ငါ့ကိုဒီလိုတွေလုပ်ပြီးမှလား"
ကြည့်ကြပါဦး...သူ့ရဲ့အင်္ကျီလဲ ရစရာမရှိတော့သလို သူ့ရဲ့အပေါ်ပိုင်းမှာလဲ အလာ့ဂျစ်ထသလို အနီကွက်တွေအပြည့်ပဲ...
အဒမ်က ငုံ့ကြည့်ရင်း..."ဒါကတော့.."
အဒမ့်ရဲ့ပုံစံက မချင့်မရဲနဲ့ ခံစားချက်တွေကိုထိန်းနေရတဲ့ပုံပေါက်နေတယ်။ဘာဖြစ်လို့ပါလိမ့်...သူသိခဲ့တဲ့ အဒမ်က အခုလိုပုံစံမဟုတ်တာတော့ကျိန်းသေပေါက်ပဲ။အဒမ်က သူပြောခဲ့သလိုပဲ ဝိုင့်ရဲ့ဆန္ဒတွေ အတွေးတွေ ခံစားချက်တွေကို ထည့်တွက်ပေးပါတယ်ဆိုတာကိုပဲ သက်သေပြချင်လို့လား?
ဝိုင်ဟပြဲဖြစ်နေတဲ့ အင်္ကျီရင်ဘက်နှစ်စကို လက်နဲ့ဆွဲစိပြီး လျော့ရဲရဲရပ်နေရာကနေ တည့်တည့်မတ်မတ်ရပ်လိုက်တယ်။သူလုပ်သမျှတွေကို အဒမ်ဘာမှ မကန့်ကွက်ဘူး!ဘာမှဝင်မပြောဘူး။ဘေးကိုပဲ အသာလေးရို့ပြီး သူ့ကိုကြည့်နေတယ်။
ဝိုင်နှုတ်ခမ်းကို အသာလေးကိုက်လိုက်မိတယ်။တကယ့်ကိုဘေးကျပ်နံကျပ်အနေအထားပဲ!အဒမ်ကလဲ သူမီးစိမ်းမပြမချင်း တကယ်ကိုအဲ့အတိုင်းပဲနေမဲ့ရုပ်...သူကလဲ 'ငါခွင့်ပြုတယ်
သားကြီး ငါ့ကို တက်F**k လိုက်ပါတော့လို့' ထုတ်မပြောချင်တာအမှန်ပဲ။ဒီလိုဆိုတော့လဲ အရင်က သူ့အတွက်ပဲ သူကြည့်တဲ့ အဒမ်လင်းညိုကိုလွမ်းမိသား...
YOU ARE READING
ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]