EIUJNM:Chapter(3)The first time we met
လူတိုင်းမျှော်လင့်ချက်ထားလို့ရတယ်တဲ့...အဲ့မျှော်လင့်ချက်ကပြည့်ချင်လဲပြည့်မယ် မပြည့်ချင်လဲမပြည့်ဘူး။ဒါပေမယ့် မပြည့်မယ့်အဖွဲ့ထဲမှာတော့ ကျွန်တော်ထိပ်ဆုံးမှာရပ်တည်နေပါတယ်။
ကျွန်တော့် မျှော်လင့်ချက်က သန်းကြွယ်သူဌေးဖြစ်ဖို့လဲမဟုတ်ဘူး။သမ္မတဖြစ်ဖို့လဲမဟုတ်ဘူး။လူတိုင်းချစ်ကြတဲ့ Idolဖြစ်ဖို့လဲမဟုတ်ဘူး။
ကျွန်တော့်မျှော်လင့်ချက်တော်တော်လေးရိုးရှင်းပါတယ်။အဒမ်လင်းညိုက ကျွန်တော်ကို ပြန်လှည့်ကြည့်ပေးဖို့ပဲ...ကျွန်တော့်ခံစားချက်တွေ ကျွန်တော့်သိမ်ငယ်မှုတွေ ကျွန်တော့်နာကျင်မှုတွေကို မြင်ပေးဖို့ပဲ။ဒါပေမယ့် နောက်ဆုံးမှာဘာဖြစ်သွားလဲ...
နာကျင်ရတဲ့လူကကျွန်တော် တစ်ယောက်ထဲပဲ...ကျွန်တော့်ကို ကျွန်တော်ချစ်တတ်ဖို့ သူ့ကိုကျွန်တော်မုန်းမှဖြစ်မှာ...
အဒမ်နဲ့သူ တွေ့ဆုံသိကျွမ်းခဲ့ရတာက ကံကြမ္မာအလိုကျပဲ...
အချို့ကံကြမ္မာတွေက ထာဝရတည်မြဲဖို့အတွက် ရည်ရွယ်ပေမယ့် သူတို့ရဲ့ကံကြမ္မာကတော့ တစ်ယောက်ကတစ်ယောက်ကိုလိုအပ်ရုံပဲ...ဒါပေမယ့်လိုအပ်ရုံက အဒမ်ဖြစ်ပြီး လိုပါလိုချင်တာကတော့ သူပေါ့။ဟင်း....
သက်ပြင်းချမိပြန်ပါပြီ။ဒီနေ့အဖို့ ဘယ်နှစ်ကြိမ်မြောက်ချမိတဲ့သက်ပြင်းမှန်းတောင်မသိတောဘူး။မတတ်နိုင်ဘူး...သက်ပြင်းမှမချရင် တင်းကျပ်နေတဲ့ ရင်ကိုဘယ်သူကဖြေလျှော့ပေးမှာလဲ...ဝိုင်အိမ်တံခါးကို ခက်ခက်ခဲခဲဖွင့်လိုက်တယ်။ခက်ခဲနက်နဲတဲ့လုံခြုံရေးစနစ်တွေကြောင့်မဟုတ်ဘဲ သူကိုယ်တိုင် ပြိုလဲနေလို့ပါပဲ။ချပ်ခနဲတံခါးပိတ်သွားတာနဲ့ တိတ်ဆိတ်ခြောက်ကပ်နေတဲ့ အခန်းတစ်ခုက သူ့မျက်လုံးထဲမှာပေါ်လာတယ်။ဆိုဖာပေါ်မှာ ထမင်းစားပွဲပေါ်မှာ ကြမ်းပြင်ပေါ်မှာ ဟိုမှာ ဒီမှာ စည်းကမ်းဆိုတာမသိတဲ့ Adamရဲ့အင်္ကျီအဝတ်အစားတွေ ပျံ့ကျဲနေတယ်။ကြမ်းပြင်ပေါ်က အဝတ်တွေကို ခြေနဲ့ကန်ရင်းနဲ့ပဲ ရေခဲသေတ္တာဆီကိုသွားပြီး ဘီယာတစ်ဘူးထုတ်လိုက်တယ်။အေးစက်နေတဲ့ဘီယာက သူ့ရင်ထဲကအပူတွေကို အလုံးစုံငြိမ်းပေးနိုင်မှာမဟုတ်ပေမယ့်လို့ တစ်ဖက်တစ်လမ်းကတော့ ကူညီပေးနိုင်မှာပါ။
YOU ARE READING
ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]