EIUJNM:Chapter(4)Are you the same as me?
[မင်းကွင်းထဲကိုရောက်နေပြီလား]
[အင်း မြန်မြန်လာ နည်းပြအခြေအနေသိပ်မကောင်းဘူး]
ပါလာတဲ့အိတ်ကို ခုံပေါ်ချရင်း အဒမ့်ကို ဝိုင်စာပြန်ပို့လိုက်တယ်။ညကြီးသန်းခေါင်ရေကူးကန်မှာ တွေ့ပြီးနောက်နေ့ Club တွေဝင်ကြတော့ နှစ်ယောက်သားပြန်တွေ့ကြပြီး ခင်သွားကြတယ်။တွေ့တာနဲ့ ဆဲနေဆိုနေကြပေမယ့်လို့ပေါ့။ခုဆိုသူဆဲကိုယ်ဆဲနဲ့ဒုတိယနှစ်တောင်ရောက်နေပြီ။သူနဲ့အဒမ်နဲ့က အဓိကယူထားတဲ့မေဂျာသာမတူတာ သူ အပြင်သင်တန်းအနေနဲ့ယူထားတဲ့ HM classမှာရော ရေကူးClubမှာရော ခုဘက်စကတ်ဘော အသင်းမှာရော တွေ့နေရတော့ တစ်ယောက်နဲ့တစ်ယောက်က မမြင်ချင်မှ အဆုံးပဲ။
ဘောလုံးသံတစ်ဘုတ်ဘုတ်နဲ့အတူ ဖိနပ်နဲ့ကြမ်းပြင် အားနဲ့ပွတ်တိုက်မိလို့ ကျွီခနဲ ကျွီခနဲမြည်သံတွေနဲ့ လူတွေရဲ့စကားပြောသံရယ်မောသံတွေက ဘက်စကတ်ဘော တစ်ကွင်းလုံးဆူညံနေတယ်။Adamလင်းညိုတစ်ယောက်လက်ထဲက ဘောလုံးကို လက်ညိုးပေါ်တင်လှည့်ရင်း ခန်းမထဲဝင်လာတော့ ရှဲခနဲခဏတိတ်ကျသွားပြီး စူးစူးဝါးဝါးအော်သံတွေအစားထိုးဝင်လာတယ်။ကျောင်းတွေ စဖွင့်ပြီး အချိန်ခဏအလေးအတွင်းမှာ Adam လင်းညို ဆိုတာ The Whole Kingအဖြစ်ကို အလိုအလျောက်ရသွားပြီး ကျားမအစုံရဲ့ လိုချင်တပ်မက်စရာ တစ်ခုဖြစ်လာတယ်။အဲ့အရှိန်ကအခုထက်ထိကျမသွားသေးဘူး။
ဘုရင်တစ်ပါးတိုင်းခန်းလှည့်သလို တည်ငြိမ်မှုမျိုးနဲ့ လျှောက်လှမ်းနေတဲ့ Adamက သူ့ကိုမြင်လို့အော်ဟစ်နေတဲ့ လူအုပ်ကြီးကို မပွင့်တပွင့်အပြုံးတစ်ခုပေးသနားလိုက်ပြီး ကွင်းဘေးကထိုင်ခုံမှာ ဝင်ထိုင်လိုက်တယ်။အော်သံတွေက ဆူညံနေတုန်းမို့လို့ ဖိနပ်ငုံ့စီးနေတဲ့ဝိုင် စိတ်ပျက်လက်ပျက်နဲ့့ပဲ ဘေးကိုလှည့်ကြည့်လိုက်တော့ ...Adamကလှည့်အကြည့်နဲ့တိုးတယ်။
Adamကခနဲ့တဲ့တဲ့ရယ်ပြီး...
"ဟက်!ဘယ်သူလဲလို့ မျက်မှန်ကြီးနဲ့ဂိုးသွင်းမယ့် ပလေယာကြီးပါလား""သြော်...ဘယ်သူလဲလို့ သရဲအသေကြောက်တဲ့The whole king အမိုက်စားကြီးပါလား"
YOU ARE READING
ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]