EIUJNM:Chapter(32)အရာအားလုံးဖြစ်ခွင့်ပေးထားပေမဲ့ ချစ်သူမဟုတ်ဘူး
အဒမ့်စကားအဆုံးမှာ ဝိုင်ကလှုပ်ရှားမှုတွေအကုန်လုံးကိုတိခနဲဖြတ်ချလိုက်ပြီး သူ့ရင်ခွင်ထဲမှာ အရုပ်လေးတစ်ရုပ်လို့အတောင့်လိုက်လေးရပ်နေတော့တယ်။သူ့ကိုဘာစည်းကမ်းတွေညာစည်းကမ်းတွေလဲ ထုတ်ပြောမလာဘူး။အဒမ်လဲ ဝိုင်ကိုနောက်ကျောဖက်ကနေဖက်ထားရင်း ဝိုင့်ရဲ့ပူရှိန်းနံ့လေးသင်းပျံ့နေတဲ့လည်ပင်းကြားထဲမှာ မျက်နှာဝှက်လို့ ညလေပြေရဲ့အေးမြမှုကို ခံစားနေလိုက်တယ်။
ဝိုင်ကတော့နောက်ကျောမှာ အရုပ်အကြီးကြီးတစ်ခုကိုထမ်းပိုးထားရပြီး ကံဆိုးချင်တော့ အဲ့အရုပ်အကြီးကြီးကသူနှစ်ပေါင်းများစွာတစ်ဖက်သတ်ချစ်နေရတဲ့သူဖြစ်နေသေးတယ်။ပြီးတော့ အဒမ့်ရဲ့နှာခေါင်းချွန်ချွန်နဲ့ နှုတ်ခမ်းတို့က သူ့ရဲ့လည်ပင်းကိုသဘာဝကျကျထိစပ်လို့နေတယ်။သူဘာစကားမှမပြောဖြစ်ဘဲ ဘာလှုပ်ရှားမှုမှလဲမလုပ်ရဲလဲ ဒီတိုင်း အတောင့်သားပဲရပ်နေမိတယ်။တကယ်တော့စကားပြောဖို့နေနေသာသာ ပါးစပ်တောင်မဟရဲဘူး...သူ့ရဲ့အဆမတန်ခုန်နေတဲ့နှလုံးသားကြီးက ပလွတ်ဆို ခုန်ထွက်သွားပြီး သေသွားမှာစိုးလို့...သူကဒေဗီဂျုံးလဲဟုတ်မနေတော့ မစွန့်စားရဲဘူး။
အတန်ကြာတဲ့အထိအဒမ်က အဲ့လိုအနေအထားအတိုင်းနေနေပြီး သူ့အပေါ်ကိုမှီနေတယ်။အဒမ့်ရဲ့အသက်ရှုတဲ့လေဝင်လေထွက်နွေးနွေးက သူ့လည်ပင်းကို တိုက်ရိုက်လာထိနေတာက အသဲယားစရာကောင်းလှတယ်။ပြောရမယ်ဆိုရင် ဒီအနေအထားက သူတို့နှစ်ယောက်ရဲ့အခြေအနေနဲ့ဆို အရမ်းကို ရိုမန့်တစ် ဆန်လွန်းနေပြီး ဝိုင့်စိတ်ထဲမှာဒီလို မဖြစ်သင့်ဘူးဆိုတဲ့ စာတန်းတွေမြောက်များစွာမြင်နေရတယ်။သူတို့ရဲ့လိင်ဆက်ဆံဖော်သက်တမ်းလေးနှစ်လောက်မှာ ဒီလိုအနေအထားက ပထမဉီးဆုံးဖြစ်သလို အဒမ့်ရဲ့အခုလိုပုံစံကလဲ ပထမဉီးဆုံးပဲ...
တကယ်တော့ သူ့ရဲ့စိတ်မပါတဲ့ပုံစံကြောင့်အဒမ်က အတူတူနေဖို့ကိုရပ်လိုက်တယ်ဆိုပေမဲ့လဲ အခုအဒမ့်ပုံစံကလဲ လိင်ဆက်ဆံဖို့အဆင်ပြေနေတဲ့ပုံပေါ်မနေဘူး။အတွေးတွေကပျံ့လွင့်နေပြီးစိတ်ဖိစီးနေရတယ်ဆိုတာကိုဘယ်သူမဆို မိုင်၁၀၀အကွာလောက်ကနေတောင်မြင်နေရတယ်။
YOU ARE READING
ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]