Chapter(15)

1.1K 35 0
                                    

EIUJNM:Chapter(15)"မျိုးရိုးလိုက်ရအောင်ရောဂါမဟုတ်ဘူး"

"ကျွန်တော်မိန်းကလေးတွေကိုမကြိုက်ဘူး...အဲ့တော့ပါးလိုချင်တဲ့အမွေဆက်ခံသူကိုကျွန်တော်ဖန်တီးပေးလို့မရဘူး"

သူပြောပြီးပြီးချင်းမှာပဲ သူ့မေးရိုးနဲ့မျက်နှာတစ်ခုလုံးပူခနဲဖြစ်သွားပြီး မျက်လုံးတွေထဲထိမီးပွင့်သလိုခံစားလိုက်ရတယ်။သူဟက်ခနဲ ရယ်လိုက်မိရင်း သူ့အဖေကို သူCome outလုပ်နိုင်ခဲ့ခြင်းအပေါ် ကိုအားရကျေနပ်နေမိတယ်။ဘာပဲဖြစ်ဖြစ်သူလုပ်နိုင်ခဲ့ပြီပဲမလား...အခြေအနေတွေက အကွဲအကွဲအပြဲပြဲဖြစ်နေပေမယ့်လို့ပေါ့။

ဉီးအောင်မြင်သိမ်းရဲ့ရင်အစုံဟာဒေါသကြောင့် ဖားဖိုကြီးတစ်ခုလိုပိန်လိုက်ဖောင်းလိုက်ဖြစ်နေတယ်။သူရဲ့အသိကို သတိနဲ့နာနာထိန်းရင်း သူ့ရှေ့ကကောင်ကိုစိုက်ကြည့်လိုက်တယ်။သူ့သားဖြစ်သူက ပါးစပ်ထဲက သွေးတွေကို လက်ဖမိုးနဲ့ဖိသုတ်ရင်း သူ့ကိုရူးကြောင်ကြောင်နဲ့ရယ်ပြနေတယ်။အခြေအနေတစ်ခုလုံးကတော့ရူးလောက်စရာပါပဲ..သူတောင်မနည်းတောင့်ခံထားရတာ။

ဝိုင်က တံတွေးနဲ့သွေးရောနေတာတွေကို ကြမ်းပြင်ပေါ်ကိုဖီခနဲနေအောင်ထွေးထုတ်လိုက်တာကိုမြင်လိုက်ရချိန်မှာတော့ ဉီးအောင်မြင်သိမ်းရဲ့ အသိတွေက ဒုတိယအကြိမ်မြောက်လွတ်ထွက်သွားပြီး သူ့သားရဲ့ အင်္ကျီလည်ပင်းကိုဆွဲပြီးသားဖြစ်သွားပြီ။

ဝိုင် သူ့အဖေလက်ထဲစွေ့ခနဲပါသွားပြီးအရူးလို ရယ်ချင်တာကိုရပ်လို့မရဘူးဖြစ်နေတယ်။သူရယ်နေရတာ အချက်နှစ်ချက်ရှိတယ်။ပထမအချက်က သူ့ရဲ့Come outလုပ်ခြင်းအပေါ် သူ့အဖေရဲ့ပေါက်ကွဲသွားမှုကြောင့်သူစိတ်နာကျင်သွားလို့။ဒုတိယအချက်က သူ့အဖေရဲ့အိ​န္ဒြပျေက်လောက်တဲ့အထိဒေါသထွက်တာကိုသူအသက်ရှင်နေတုန်းမြင်လိုက်ရလို့။သူ့အဖေကအင်မတန်ကိုဒေါသထိန်းနိုင်တဲ့လူအဖြစ် နာမည်ကြီးတယ်လေ။

"ဟေ့ကောင်!မင်းကဘာစောက်ကြောင်းနဲ့ရယ်နေတာလဲ"

ဝိုင်ရယ်နေတာကို မနည်းလက်စသတ်လိုက်ရပြီး လေသံပျော့ပျော့လေးနဲ့ သူ့အဖေကိုနားချဖို့ကြိုးစားလိုက်တယ်။
"ပါး!ပါး! ဝိုင့်လည်ပင်းကိုဆွဲထားတာ အရင်လွှတ်ပေးဉီး"

ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]Where stories live. Discover now