EIUJNM:Chapter(29)နာကျင်မှုကိုတောင့်ခံနိုင်သေးတယ်...
"Happy Birthday ကိုကို"
"Happy Birthday ဉီးတည်!"
ကလေးများရဲ့ဝိုင်းဆုတောင်းသံကြောင့် တည်ငြိမ်ဉီးစိတ်လှုပ်ရှားသွားပြီးအဒမ့်လက်ကို ဖျစ်ညှစ်လိုက်တော့ အဒမ်က ပုခုံးလေးကိုဖက်လို့နှစ်သိမ့်တယ်။တကယ့်ကို Emotional Touchဖြစ်စေတဲ့အခိုက်အတန့်လေးပဲ...ဘေးလူတစ်ယောက်အနေနဲ့ ဝိုင့်အမြင်ကိုပြောရရင်လဲ တကယ်ကြည်နူးစရာကောင်းပါတယ်။
ကလေးတွေနဲ့ ကိတ်ခွဲပြီး လှူစရာရှိတာတွေလဲလှူလိုက်တော့ကလေးတွေရဲ့ပျော်ရွှင်နေကြတဲ့ပုံကို ကြည့်ရင်းတည်ငြိမ်ဉီးပါပျော်ရွှင်လာရတယ်။သူတို့ငယ်ငယ်တုန်းကဆို အလှူရှင်တွေက သိပ်မများသေးတော့ တစ်ခါတစ်လေလာတဲ့အလှူရှင်က အရုပ်လေးတွေပေးရင်အရမ်းပျော်တာ...
"Happy Birthday သားလေး...ခုချိန် မမစိန်သာရှိရင် အရမ်းပျော်နေမှာ"
အန်တီရွှေကဘေးကိုရောက်လာပြီး သတိတရပြောတယ်။အန်တီရွှေ့ကို သူ လှည့်ကြည့်ပြီး ...
"ဟုတ်တယ် အန်တီရွှေ..ကျွန်တော် အန်တီစိန့်ကို အခုတလော အရမ်းသတိရတာပဲ..ကျွန်တော့်မွေးနေ့ဆို အန်တီစိန်အမြဲစီစဉ်ပေးနေကျ"
ပြောနေရင်း အန်တီရွှေက မျက်ရည်ဝဲလာပြီး သူ့လက်ကိုဖျစ်ညှစ်အားပေးလာတယ်။တည်ငြိမ်ဉီးလဲဝဲတက်လာတဲ့မျက်ရည်ကိုထိန်းမနေတော့ဘူး။အန်တီရွှေက ဆုံးသွားတဲ့ အန်တီစိန်ရဲ့ညီမအရင်းအန်တီစိန်ကသူတို့ဂေဟာရဲ့တည်ထောင်သူ၊သူ့အပေါ်ကို အမေအရင်းထက်တောင်ကောင်းသေးတဲ့ နတ်သမီးလိုအမျိုးသမီးပဲ။
သူလဲ သိပ်မကြာတော့တဲ့နှစ်တွေမှာ အန်တီစိန့်ကိုတွေ့ရတော့မှာပါ။
အန်တီရွှေက သူ့မျက်နှာကို ဖွဖွလေးထိလိုက်ပြီး စိုးရိမ်မကင်းတဲ့အသံနဲ့ပြောလာတယ်..."သားလေး နေကောင်းရဲ့လား...ပိန်သွားသလိုပဲ"
"ကောင်းပါတယ် အန်တီရွှေ..ခုတလော အလုပ်ကလဲ ပင်ပန်းလို့"
"အင်း အလုပ်ကြီးပဲကုန်းလုပ်မနေနဲ့ဉီး..." အန်တီရွှေကစကားစကိုခဏဖြတ်ထားပြီး ကလေးတွေနဲ့ စကားပြောနေတဲ့ အဒမ်နဲ့ဝိုင့်ကိုလှမ်းကြည့်ရင်း.."ကောင်လေးနဲ့ရော အဆင်ပြေရဲ့လား..သူ့ဘေးကဘယ်သူလဲ ချောချောလေးပဲ"
YOU ARE READING
ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]
![ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]](https://img.wattpad.com/cover/294505431-64-k170337.jpg)