Chapter(11)

3K 256 0
                                    

EIUJNM:Chapter (11)"ကျွန်တော် ဝိုင့်ကိုလိုက်လို့ရမလား"

Barမှာလုပ်တဲ့မင်္ဂလာပွဲရဲ့ညနေပိုင်းဒင်နာကသူ့ဟာနဲ့သူ အဆင်ပြေပြေ ဆက်သွားနေပေမယ့်အဆင်မပြေတာကတော့ ဝိုင်ပါပဲ။အဒမ်ဆိုတဲ့ကောင်က သူ့ရဲ့ဆွဲဆောင်မှုပြင်းတဲ့ဖိုဟိုမုန်းတွေကိုထုတ်လွှတ်ပြီး သူ့ဆီကိုကိုယ်တိုင်ကိုယ်ကျ လည်စင်းပေးမယ့် သားကောင်ကိုရှာနေတယ်လေ။အဒမ်က ဘာနဲ့တူလဲဆိုရင် အင်းဆက်တွေကို ဝတ်မှုန်ရနံ့နဲ့ သွေးဆောင်ဖြားယောင်းပြီး စားသုံးပစ်တဲ့ ကော်ဘရာလီလီ(Cobra Lily)လိုကောင်မျိုး...သူကသူ့သဘာဝအတိုင်းရှင်သန်တယ်ဆိုပေမယ့် အင်းဆက်တွေအတွက်ကအန္တရာယ်ပဲ။တစ်ခါဝင်ပြီးရင် ပြန်ထွက်လို့မရတော့ဘူးလေ။

ဒီညလဲ အင်းဆက်လေးတစ်ကောင်နဲ့အဒမ် အိပ်ယာပေါ်မှာ...အင်း...

ပေါက်ကရအတွေးတွေကို ခေါင်းခါထုတ်လိုက်ပြီးလက်ထဲက အရက်ခွက်ကို တစ်ကျိုက်ထဲကောက်မော့လိုက်တော့ ခါးသက်ချိုမွှေးအရသာကလည်ချောင်းထဲမှာ ပူဆင်းသွားတယ်။ရှုံ့မဲ့သွားတဲ့ သူ့မျက်နှာထားကိုမြင်လို့ဖြစ်မယ်...စကားဖောင်ဖွဲ့နေတဲ့ အဒမ်က အချိုရည်ခွက်ကိုင်ပြီး သူ့ဆီအပြေးရောက်လာတယ်။အဲ့ဒါတွေပေါ့မုန်းစရာကောင်းပေမယ့် မုန်းလို့မရတဲ့အချက်တွေလေ...

အဒမ်က သူ့ကိုဂရုစိုက်တယ်။

"ရော့...လိမ္မော်ဂျု့စ် ...မကြိုက်လဲသောက်လိုက် လောလောဆယ်ဒါပဲရှိတယ်"

ဝိုင် ခေါင်းညိတ်ပြီးပဲလိမ္မော်ရည်ခွက်ကိုအဒမ့်လက်ထဲကနေဆွဲယူပြီးသောက်လိုက်တယ်။

"ကျေးဇူးပဲ..."

"ဘာလို့မသောက်နိုင်ပဲသောက်တာလဲ...ဘီယာလောက်ပဲသောက်​နေကျကောင်က"

"သောက်ကြည့်တာ...ဘယ်လိုနေလဲသိချင်လို့"

"နောက်မသောက်နဲ့..."

"ဘာလို့လဲ..."

"မသောက်နဲ့ဆို မသောက်နဲ့ပေါ့...အချိုရည်ပဲသောက်" သူ့ကိုအမိန့်ပေးရင်း အဒမ်က နောက်ဖက်ကိုခေါင်းစောင်းပြပြီး..."ငါပြန်သွားလိုက်ဦးမယ်...အလှလေးကိုတစ်ယောက်ထဲထားခဲ့ရတယ်...မင်းကြောင့်!"

ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]Where stories live. Discover now