Chapter(37)

4.4K 306 71
                                        

EIUJNM:Chapter(37)Me Before You

အဒမ်ဒီတိုင်းအတောင့်သားရပ်နေမိတာ ဘယ်လောက်ကြာပြီလဲတော့မသိပေမဲ့ တောင့်တင်းနေတဲ့ခြေထောက်တွေနဲ့ ဒူးခေါင်းထဲကစူးအောင့်အောင့်ခံစားချက်အရ ရပ်နေမိတဲ့အချိန်မနည်းတော့ဘူးဆိုတာတော့ သူ့ဟာသူသိတယ်။သူရှေ့တည့်တည့်ကိုစိုက်ကြည့်နေပေမဲ့ အတော်လေးကြာတဲ့အချိန်ကပဲ နှစ်ထပ်ကနေသုံးထပ် သုံးထပ်ကနေ အထပ်ပေါင်းမရေတွက်နိုင်လောက်အောင်ဖြစ်သွားပြီး ဘာမှမမြင်ရတော့ဘူး။

သူ့မျက်နှာမှာရောမျက်လုံးရောမှာ ခံစားချက်ကင်းမဲ့သလိုဖြစ်နေမလားတော့သူမသိပေမဲ့ သူမငိုချင်တော့တာပဲသိတယ်။သူ့ဘေးကိုသစ်ခက်ရောက်လာပြီး သူ့လက်မောင်းကိုဖျစ်ညှစ်အားပေးနေတာကိုလဲသူခံစားနေမိပေမဲ့ သူနှစ်သိမ့်အားပေးမှုကိုမခံစားရဘူး။အခုချိန် သူဝမ်းနည်းနေရတဲ့အချိန်မှာ တစ်စုံတစ်ယောက်ရဲ့ နွေးထွေးတဲ့ မျက်ဝန်းရယ် အေးဆေးတည်ငြိမ်တဲ့အသံနဲ့ပြောတဲ့ 'မင်းအဆင်ပြေရဲ့လား' ဆိုတာကိုပဲကြားချင်တယ်။

"အခေါင်းကိုသယ်သွားတော့မယ်...နောက်ဆုံးအနေနဲ့မိသားစုဝင်တွေ ကြည့်ချင်ရင်..."

သူ့နားထဲမှာ အသံတွေကမကြားတစ်ချက်ကြားတစ်ချက်...သစ်ခက်ကတော့အင့်ခနဲရှိုက်ငိုလို့ သူ့နားကထွက်သွားပြီ။အဒမ် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လို့ မျက်တောင်ခတ်လိုက်တော့ လိမ့်ဆင်းသွားတဲ့ မျက်ရည်ပူကပါးပေါ်တောက်ခနဲကျသွားပြီး ပြန်အဖွင့်မှာတော့ တည်ငြိမ်ဦးရဲ့ အပူအပင်ကင်းကင်းရယ်နေတဲ့ ဓာတ်ပုံကသူ့မြင်ကွင်းမှာပေါ်လာတယ်။

သူ့ကို အစ်ကိုလို ချစ်သူလို မိသားစုလိုချစ်ပေးခဲ့တဲ့ ကိုကို...သူကတော့ချစ်သူလိုထက် အစ်ကိုလို မိသားစုလို ချစ်ခဲ့ရတဲ့လူ...သူ့ကိုလမ်းမှားမရောက်အောင် တည့်မတ်ပေးခဲ့တဲ့လူ။အဒမ်မဲ့ပြုံးလေးတစ်ချက်တော့နာနာကျင်ကျင်ပြုံးလိုက်မိတယ်။သေချာတယ် သူ့ဘေးမှာ လူကောင်းတွေကြာကြာမခံဘူး။ကျွန်တော့်လိုမကောင်းတဲ့ကောင်ကို စိတ်ချလက်ချသာထားခဲ့ပါကိုကို...အခုတော့ ပိုပြီးအပူအပင်ကင်းနေလောက်ရောပေါ့ ကိုကိုရေ...             
                
               တည်ငြိမ်ဦး
               အသက်(၃၃)နှစ်

ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]Where stories live. Discover now