EIUJNM:Chapter(40)မင်းကိုငါလွယ်လွယ်နဲ့ခွင့်မလွှတ်ဘူး
ညနေခင်းနဲ့အပြိုင် မှုန်ရီနေတဲ့ အဒမ့်မျက်လုံးတွေကို ဝိုင်စက္ကန့်အနည်းငယ်လောက်စူးစိုက်ကြည့်လိုက်တယ်။သူဘယ်လိုပြန်ဖြေသင့်လဲ...စဥ်းစားနေရတာကအဒမ့်မေးခွန်းကိုသူပြန်မဖြေတတ်လို့တော့မဟုတ်ဘူး။အဒမ်က 'သူ့ကချစ်သေးလား' လို့မေးလာတဲ့မေးခွန်းအတွက်သူ့မှာအဖြေကအမြဲအဆင့်သင့်ရှိတယ်။အဒမ့်ကို သူစချစ်မိပါပြီဆိုကတည်းက မချစ်ခဲ့တဲ့ရက်ဆိုလို့တစ်ရက်မှမရှိခဲ့ဖူးဘူး။ဒါပေမဲ့လဲ သူ့အချစ်တွေက အရင်ကလိုတော့စျေးမပေါတော့ဘူး။
သူမျက်နှာလွှဲပြီးငြိမ်နေလိုက်တော့ အဒမ်က သူ့ပုခုံးကို လက်နှစ်ဖက်နဲ့ဆုပ်ကိုင်လိုက်တယ်...ပြီးတော့ သိလိုစိတ်ပြင်းပြတဲ့အသံနဲ့.."ဝိုင် ငါမေးတယ်လေ...မင်းငါ့ကိုချစ်သေးလား"
"မင်းဘယ်လိုထင်လဲ"
"ငါ့ကိုပြန်မမေးနဲ့လေ...မင်းဖြေပေးမှရမှာလေ"
ဝိုင်သက်ပြင်းကိုချရင်း အဒမ့်လက်တွေကြားက သူ့ပုခုံးကိုရုန်းထွက်လိုက်တယ်။အရမ်းနီးကပ်နေတဲ့ အနေအထားကသူ့အတွက်အန္တရာယ်များတယ်။
အဒမ်ကတော့သူ့လက်တွေကြားကနေ ရုန်းထွက်သွားတဲ့ ဝိုင့်ကိုကြည့်ပြီးဝမ်းနည်းသွားရတယ်။သူ့လက်ဖဝါးမှာ ခဏတာခံစားလိုက်ရတဲ့နွေးထွေးမှုလေးကို လွတ်ထွက်သွားမှာစိုးတာမို့ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ချလိုက်တယ်။သူတော့နောက်ဆုံးအခြေအနေကိုရောက်သွားပြီထင်ပါတယ်။သူ့မှာရှိတဲ့ သတ္တိတွေ အကုန်လုံးကိုစုပြီး စကားလုံးအနည်းငယ်ကိုဖျစ်ညှစ်ပြောလိုက်တယ်။
"မချစ်တော့တာလား..."
ဝိုင်ကတော့မျက်တောင်လေးတစ်ချက်တောင်မခတ်ပဲချက်ချင်းပြန်ဖြေတယ်..."ထင်ရတာပဲ..."
အဒမ်တကယ်ကြီးလန့်သွားတာမို့က ဝိုင့်လက်ကို မရဲတရဲလှမ်းကိုင်မလိုပြုပြီးမှ ကိုယ်ရှိန်ပြန်သတ်လိုက်ရင်း...
"ဝိုင်...တိတိကျကျပြောပေးပါလား...""မင်းဒါလေးတောင်သဘောမပေါက်ဘူးလား ငတုံးလား?"
"ဟုတ်တယ်!ငါကငတုံး..ငတုံးမှငတုံးအကြီးစား...အဲ့ဒါကြောင့်မို့မင်းခံစားချက်တွေကို ငါ့ကိုသေသေချာချာပြောပြပေးပါကွာ.."
YOU ARE READING
ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]