Chapter(44)

3.8K 228 12
                                        

EIUJNM:Chapter(44)မင်းငါ့ကိုလွမ်းနေမှာလား

"Hello guys!get up!get up!!"

နားထဲဝင်လာတဲ့ အသံစူးစူးကြောင့် ဝိုင်မျက်ခွံကိုအတင်းပင့်တင် လိုက်ရတယ်။သောက်သော်ထွဋ်လေးဟာ မနက်ပိုင်းဆိုသူ့အသံနဲ့မနှိပ်စက်ပဲမနေနိုင်ဘူး။မျက်လုံးအပွင့်မှာ ပထမဆုံး သူ့မျက်လုံးမှာရောင်ပြန်ဟပ်လာတဲ့ ပုံရိပ်ကြောင့် သူ့ရဲ့မကြည်မလင်ဖြစ်နေတဲ့စိတ်တွေ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတယ်။

သူနဲ့နှာတစ်ဖျားပဲကွာတဲ့ အကွာအဝေးမှာ အဒမ်က နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေတယ်။မှန်လိုကြည်လင်နေတဲ့အသားအရည်နဲ့ဖြာကျနေတဲ့မျက်တောင်ရှည်ရှည်မဲမဲတွေက တကယ့်ကိုလိုက်ဖက်လွန်းနေတယ်။ နီမြန်းမြန်း နှုတ်ခမ်းတစ်စုံကို အကြည့်ရောက်သွားတော့ သူတို့နှစ်ယောက်ရဲ့အနမ်းကိုပြန်သတိရသွားတာမို့ ဝိုင်ရှက်တက်တက်လေးဖြစ်သွားရပြန်တယ်။

"ကိုယ့်ဘဲကိုယ် ပြန်ကြွေနေတာလား!"

"အေး...!ဟ!ငထွဋ်! "

သူတို့အိပ်နေတဲ့ဆိုဖာရဲ့ ကျောမှီမှာပဲ သော်ထွဋ်ကထိုင်နေပြီး သူတို့နှစ်ယောက်ကို အပေါ်စီးကနေကြည့်နေတယ်။ဝိုင်ရှက်သွားခြင်းနဲ့အတူ သော်ထွဋ်ရဲ့အလိုက်မသိချင်းကြောင့် ဖင်ကိုဆောင့်ကန်ချက်စိတ်တွေတဖွားဖွားပေါ်လာရတယ်...ဝိုင်ချက်ချင်းကို အိပ်နေရာကနေထလိုက်ချင်ပေမဲ့ သူ့ရဲ့ခါးက အဒမ့်ရဲ့လက်အောက်ကိုရောက်နေတာမို့ လှုပ်လို့မရဘူး။

အဲ့လိုအချင်းအရာကိုပဲ သော်ထွဋ်ကနှာခေါင်းလေးရှုံ့ရင်း...
"စောက်ပိုတွေ...ထလိုက်ပါတော့လား!ပလိစ်!မင်းဒီနေ့ မာကတ်တင်းဌာနနဲ့ အစည်းအဝေးရှိတယ်နော်...ဟန့်!နောက်ကျရင်တော့မာကတ်တင်းဘက်က ဌာနမှူးကဆိုးတယ်တဲ့နော်"

"အဲ့ဌာနမှုးကမင်းပဲလေ ခွေးရဲ့!"

သော်ထွဋ်က ထိုင်ရာကနေထပြီး ရေငှဲ့နေရင်း ပုခုံးကိုဟန်ပါပါတွန့်လိုက်ကာ.."ဟုတ်တယ်လေ...မင်းသိထားဖို့က အဲ့ဌာနမှုးက လတ်တလောမှာ ရည်းစားနဲ့ရန်ဖြစ်ထားလို့ အတွဲတွေဘာတွေဆို သိပ်မကြည်ဘူးတဲ့!သတိထားလို့ရအောင်ပါ"

ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]Where stories live. Discover now