EIUJNM:Chapter(38)ညှင်းသိုးသိုးလူနှစ်ယောက်
"ဘော့စ် စုံစမ်းခိုင်းထားတာရပါပြီခင်ဗျ"
အဒမ်ခေါင်းညိတ်ပြလိုက်ပြီး သူ့လက်ထောက်ကို အနားကိုလာဖို့လက်ယပ်ခေါ်လိုက်တယ်။ပြီးတော့ ဖိုင်တစ်ထပ်ကို သူ့လက်ထောက်ရှေ့ကိုပုံချပေးလိုက်ရင်း...
"ဒါ ငါတို့ဟိုတယ်ရဲ့နေ့စဥ်လည်ပတ်တဲ့စာရင်းဇယားတွေ ဘာမှထွေထွေထူးထူးမရှိဘူး...မင်းကဒီတိုင်းစစ်ပေးရုံပဲ"
သူနောက်ထပ်ဖိုင်တစ်ထပ်ကိုထပ်ချပေးလိုက်ပြန်တယ်။သူ့လက်ထောက်ရဲ့မျက်နှာမှာတော့ နည်းနည်းဝေခွဲမရတဲ့အမူအရာတွေစပေါ်လာပြီ။
"ရော့ ဒါတွေက နေ့တိုင်းလက်မှတ်ထိုးပေးဖို့လိုတာတွေ...လက်မှတ်ထိုးခါနီး နည်းနည်းသတိထားပြီးဖတ်ကြည့်ပေးဦး ပြီးတော့..."
"ခဏ!ခဏဘော့စ်!!"
သူ့လက်ထောက်က သူ့စကားကိုဖြတ်ပြီးတားလိုက်တယ်။သူမေးဆတ်ပြလိုက်တော့ စဥ်းစားမရသလို မျက်နှာဟန်ပန်နဲ့...
"ဘော့စ်ကဘာလို့ ကျွန်တော့ကို အဲ့ဒါတွေမှာနေတာလဲ"
လင်းခန့်တစ်ယောက်တကယ်ကို နားမလည်တော့လွန်းလို့ ထုတ်ကိုမေးချလိုက်ရတော့တယ်။တကယ်တော့ အခုတလောသူ့ဘော့စ်ရဲ့ပုံစံကိုကြည့်ပြီး 'ဘာဖြစ်နေတာတုန်း' ဆိုပြီးမေးချင်နေတာ ပါးစပ်ကိုယားနေတာပဲ။ဘော့စ်ရဲ့အမျိုးသားဆုံးပြီးကတည်းက သူ့ဘော့စ်ပုံစံကတသတ်မတ်ထဲကိုမရှိတော့ဘူး။တစ်ခါတစ်လေမှာပုံမှန်အတိုင်းပေမဲ့ တစ်ခါတစ်လေကျမှိုင်တွေငေးမောနေပြီး တစ်ခါတစ်လေမှ လမ်းပျောက်နေတဲ့ဆယ်ကျော်သက်တစ်ယောက်လို စိတ်တွေညစ်နေပြန်ရော...
ဟော!အခုလဲ သူ့လိုလက်ထောက်ကိုအရေးကြီးတာတွေကိုမှာနေပြန်ပြီ!!
သူ့ကိုနားမလည်သလိုကြည့်နေတဲ့ လင်းခန့်ကို အဒမ်ပြုံးပြလိုက်တယ်။သူပြုံးပြလိုက်ခါမှ လင်းခန့်ရုပ်ကမျက်မှောင်တွေဘာတွေပိုအတွန့်ချိုးလာပြီး သူ့ကိုခြေဆုံးခေါင်းဆုံး အပြန်အလှန်ကြည့်ရင်း...
"ဘော့စ်!ဘော့စ်ထွက်သွားတော့မလို့လား!!??"
ဒီတစ်ခါအံ့ြသအလှည့်က အဒမ်ဖြစ်သွားပြီ။သူ့လက်ထောက်လေးကဉာဏ်ကောင်းသား...သူ့ပုံကိုကြည့်တာနဲ့ သူဘာလုပ်မလဲဆိုတာတန်းသိတယ်။
YOU ARE READING
ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]
![ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]](https://img.wattpad.com/cover/294505431-64-k170337.jpg)