Chapter(31)

3.6K 255 5
                                        

EIUJNM:Chapter(31)သူကစွန့်လွှတ်တာမဟုတ်ဘူး...

ကိုယ့်ဘက်ကလူလို့ကိုယ်အမြဲထင်ထားခဲ့သူက တကယ်တမ်းတော့ ကိုယ့်ဘက်ကမဟုတ်ဘူးဆိုတာမျိုးကြုံကြဖူးလား?
အခြားလူတွေတော့မသိပေမဲ့ ဝိုင်ကတော့ ကြုံနေရတယ်။

အစကတော့ မထင်မှတ်ဘဲ သူ့အမေနဲ့တွေ့လိုက်ရလို့သူအရမ်းပျော်သွားခဲ့တာ။ဒီနေ့က သူတို့လုပ်ငန်းမှာရင်းနှီးမြုပ်နှံချင်သူနဲ့စကားလာပြောရင်း သူ့အမေနဲ့တွေ့တာ။ရင်းနှီးမြုပ်နှံတဲ့သူမလာခင် သူထိုင်နေတုန်း သူ့အမေကဆိုင်ထဲကိုဝင်လာတယ်။သူကြောင်ကြည့်နေမိတာကို သူ့အမေကသတိထားမိပြီး သူ့စားပွဲဝိုင်းရှိရာကိုရောက်လာတယ်။

မတွေ့တာကြာတဲ့ သားအမိဆက်ဆံရေးကဒီလောက်ကြီးထိကို့ရိုးကားယားနိုင်မယ်လို့ဝိုင်ထင်မထားတာအမှန်ပဲ..အခုတော့ သူက သူ့အမေကိုလှမ်းပဲဖက်ရတော့မလိုလို ဒီတိုင်းပဲ အိုးတိုးအမ်းတမ်းနဲ့မတ်တပ်ရပ်နေရတော့မလိုလိုနဲ့။သူ့အမေကပဲစပြီး အပြုံးလေးနဲ့စကားပြောလာတယ်။

"သားလေးနေကောင်းလား"

"ဟုတ်.."

ထိုင်ခုံတွေမှာဝင်ထိုင်လိုက်ပြီး ဘာရယ်မဟုတ်ဘဲ ခေါင်းကိုအောက်ကိုငုံ့ထားလိုက်မိတယ်။သူ့အမေကိုအားနာသလိုဖြစ်နေမိတာကြောင့်လား ဘာကြောင့်လဲဆိုတာသေချာမသိပေမဲ့လို့ တိတိကျကျပြောရရင်တော့ မျက်နှာချင်းရဲရဲမဆိုင်ရဲတာကြောင့်ပဲ။တကယ်ဆို သူ့အမေက သူ့ကိုအင်မတန်ချစ်တဲ့လူ...ဒီလူက သူ့ရဲ့အကြောင်းသိရင်တောင် သူ့ကို ပစ်ပစ်ခါခါမလုပ်လောက်ဘူးလို့သူထင်ခဲ့တယ်။သူ့အမေက မှ သူ့အဖေနဲ့သူနဲ့ကြားထဲက မြေစာပင်လေးဖြစ်ခဲ့ရတာလို့သူထင်ခဲ့ပြီး သူ့အမေအကြောင်းတွေးမိရင် စိတ်မကောင်းဖြစ်ခဲ့ရတာ။

ဒါပေမဲ့လဲ သူ့ရဲ့မှန်းချက်ကတော့နှမ်းထွက်နဲ့မကိုက်လှဘူး။သူစိတ်ထင်နေတာတွေအကုန်လုံးက သူဖြစ်ချင်တာကို သူစိတ်ကူးယဥ်မိထားရုံသက်သက်ဆိုတာကို သူ့အမေကသက်သေပြလာတယ်။သူ့အမေက စကားဦးတွေဘာတွေတောင်မသန်းတော့ဘဲ ဒဲ့ကိုပြောချလာတယ်။
"ဝိုင်..သားအဖေကတော့ ခုထိစိတ်ဆိုးနေတုန်းပဲ"

ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]Where stories live. Discover now