Chapter(12)

3.2K 281 1
                                    

EIUJNM:Chapter(12)"မင်းကဓူဝံကြယ်နဲ့တူတယ်"

"ဝိုင်!ငါမောင်းမယ်..."

အဒမ်က ဝိုင့်လက်ထဲက သော့ကိုလှမ်းယူရင်း Lover Seatဘက်ကတံခါးကို ပါတစ်ဆက်တည်းဖွင့်ပေးလိုက်တော့ကိုတည်ငြိမ်ဦးက သာသာလေးပြုံးပြီးဝင်ထိုင်လိုက်တယ်။သူကတော့ Romance ဇာတ်လမ်းတစ်ခုရဲ့ ဇာတ်ပို့ပီသစွာပဲ တိတ်တိတ်ဆိတ်ဆိတ်ရပ်ကြည့်လို့ပေါ့...ရင်ထဲမှာတော့တင်းတင်းကျပ်ကျပ်နဲ့။မမိုက်လိုက်တာမှ...

ကားထဲကအဓိကဇာတ်ဆောင်နှစ်ယောက်ကတော့ ကြင်ကြင်နာနာခါးပတ်ပတ်ပေးတဲ့ ဇာတ်ကွက်လဲမလွတ်စေရဘူး။

တော်ကြပါတော့!!!ငါ မင်းတို့ကို ကားပေါ်ကကန်ချမိတော့မယ်။

"သျှေးဝိုင်...မင်း ကျန်ခဲ့တော့မလို့လား"

အဒမ်ကခေါင်းပြူပြီးလှမ်းအော်မှ သူကားထဲဝင်ထိုင်လိုက်တယ်။ဝင်ထိုင်ထိုင်ချင်းပဲ ကိုတည်ငြိမ်ဦးက နောက်လှည့်ပြီးသူ့ကိုပြုံးပြတယ်...သူလဲပြန်ပြုံးပြလိုက်ပါတယ်။သူ့အပြုံးက အသက်ပါဖို့တော့မျှော်လင့်တာပါပဲ။မပါလဲ မတတ်နိုင်ဘူး...အပြုံးဆိုတာ နှလုံးသားနဲ့တိုက်ရိုက်ဆက်သွယ်နေတဲ့ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုပဲ။အခုချိန်မှာသူ့နှလုံးသားလေးကတော့ မည်းမှောင်နေတာမို့ Serial Killer တစ်ယောက်ရဲ့ လူသတ်ခါနီးအပြုံးမျိုးဖြစ်ချင်ဖြစ်နေမှာ...

တည်ငြိမ်ဦးကတော့ သိရှာပုံမရဘူး...သူ့ကိုစကားတွေဆက်ပြောနေတယ်။
"ဝိုင့်ကိုအားနာလိုက်တာ...အစ်ကို မင်းတို့Dateကိုနှောက်ယှက်သလိုဖြစ်သွားလား"

တွေ့လား...တည်ငြိမ်ဦးဆိုတာ အဲ့လိုမျိုး...တည်ငြိမ်ဦးဆိုတာထက် ဖြူစင်ဦးဖြစ်သင့်တာ။

သူခေါင်းခါပြလိုက်ပြီး..."မဟုတ်တာ..."

"လင်း က ဝိုင်နဲ့သူနဲ့ ဘီယာသောက်ဖို့ချိန်းထားကြတယ်ပြောလို့လေ...အဲ့လိုမှန်းသိရင် အစ်ကိုတကယ် လှမ်းမခေါ်ပါဘူး"

တည်ငြိမ်ဦးအသံကတကယ့်ကို အားနာနေတဲ့ပုံ...ဝိုင် စောနလေးကတွေးခဲ့မိတဲ့ အတွေးရိုင်းတွေအတွက် ပြန်အားနာသွားရတယ်။
သူအားနာလို့မဆုံးသေးခင် အဒမ့်အသံကဖြတ်ဝင်လာတယ်။

ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]Where stories live. Discover now