Chapter(35)

3.7K 235 19
                                    

EIUJNM:Chapter(35)ငါမင်းကိုလွမ်းလို့သေတော့မယ်ထင်တယ်

"သစ်ခက်ရနံ့ဆိုတဲ့နာမည်ကဘယ်သူပေးတာလဲညီမလေး"

"မာမီ..မာမီ့နာမည်ကစိမ်းရနံ့လေ"

တည်ငြိမ်ဦးခေါင်းညိတ်လိုက်ရင်း ညီမဖြစ်သူရဲ့ခေါင်းလေးကို လက်ဖဝါးနဲ့ဖိလိုက်တယ်။
"ကိုကို့ညီမလေးတောင် အရွယ်ရောက်လာပြီ အစကညီမလေးခေါင်းလေးက ကိုကို့လက်တဖဝါး တောင်မရှိဘူးသိလား"

သစ်ခက်ကတည်ငြိမ်ဦးလက်မောင်းကိုချိတ်တွဲထားရင်း ပုခုံးပေါ်မှီလိုက်ရင်း..."နှစ်တွေကလဲနည်းမှမနည်းတော့တာ ကိုကိုကလဲ"

"ညီမလေး အသားတွေဖြူလာတယ်နော်..ငယ်ငယ်ကဆိုမဲမဲလုံးလုံးလေး"

"ကိုကိုနော်.."

"ဟားဟား ငယ်ငယ်ကဆို ကိုကို့ညီမလေးမှဟုတ်ရဲ့လားလို့မေးကြတာသိလား"

"ကိုကိုကလဲ ကလေးဆိုတာက အသားရောင်မှမမှန်တတ်တာကို"

သစ်ခက်ရနံ့ခေါ်သီရိခင် ရဲ့ စူပုတ်ပုတ်စကားသံကိုကြားတော့တည်ငြိမ်ဦးက တဟားဟားနဲ့အော်ရယ်တယ်။အဲ့လိုပဲ မသစ်ခက်ရောက်လာကတည်းက တည်ငြိမ်ဦးရဲ့စိတ်ကျန်းမာရေးကတော်တော်လေးတက်လာတယ်လို့ပြောရမယ်...ခန္ဓာကိုယ်က အားပျော့နေပေမဲ့ စိတ်နှလုံးကချမ်းသာနေတော့ မျက်နှာလေးကရွှင်ပျနေတတ်တယ်။

အဒမ် မီးဖိုခန်းထဲမှာပန်းသီးခွာနေရင်း အိမ်ရှေ့ဆိုဖာပေါ်မှာတီတီတာတာပြောနေတဲ့ မောင်နှမနှစ်ယောက်ကိုကြည့်ပြီး အလိုလိုပြုံးမိရက်သားဖြစ်သွားရတယ်။ဒါပေမဲ့လဲ အပြုံးက ကြာကြာမခံဘူး...သူ့စိတ်တွေက ဗလာပြန်ဖြစ်သွားပြန်တယ်။သူ့ရင်ထဲမှာမပြီးပြည့်စုံပဲ တစ်စုံတစ်ခုလိုနေသလိုမျိုးလစ်ဟာနေတယ်။

ဝိုင့်ကို သူလွမ်းတယ်...အဲ့ဒါကိုဘယ်သူ့ကိုမှပြောပြလို့မရသလို ပေါ်လဲမပေါ်လွင်စေရအောင်သူဟန်ဆောင်နေရတယ်။ဟန်ဆောင်နေရတာ အရမ်းပင်ပန်းတယ်...ဒီနှစ်တွေမှာ ဝိုင်ကတော်တော်ဟန်ဆောင်ကောင်းခဲ့ပါလားလို့ သူချီးတောင်ချီးကျူးမိတယ်။အခုဆို ဝိုင်နဲ့သူ မတွေ့ဖြစ်တာလဝက်ကျော်လောက်ကြာသွားပြီ။

ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]Where stories live. Discover now